စိတ်ကောက်နေတဲ့ ဇနီးကိုချော့ရင်း ယောက်ျားထုကြီးကိုပါ ချော့နည်းအသစ် သင်ပေးလိုက်တဲ့ ရွှေထူး

အနုပညာ

ပရိသတ်တွေရဲ့သဲသဲလှုပ် ချစ်ခင်အားပေးခြင်းကို ရရှိထားတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ အဆိုတော် ရွှေထူးနဲ့ မင်းသမီးချောလေး ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ဦးကတော့ လက်ရှိမှာ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို နှစ်ကိုယ်တူပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။ အိမ်ထောင်သည်ဘဝကို ရောက်ရှိသွားကြပြီဖြစ်တဲ့ သူတို့နှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး အကောင်းဆုံးပံ့ပိုးကူညီပေးရင်း အနုပညာအလုပ်တွေကို ဆက်တိုက်ပြုလုပ်ဖြစ်နေကြတာပါ။ လတ်တလောမှာတော့ ရွှေထူးက ခဏခဏ စိတ်ကောက်တတ်တဲ့ ကောင်မလေးတွေကို ပိုင်ဆိုင်ထားတဲ့ ယောက်ျားသားတွေအတွက် အထိရောက်ဆုံး နည်းလမ်းတစ်ခုကို သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ချော့တဲ့နေရာမှာ ဆရာကြီးဖြစ်နေပြီဖြစ်တဲ့ ရွှေထူးရဲ့နည်းလမ်းကတော့ တကယ့်ကို ထိရောက်နိုင်ပါတယ်နော်။


ချစ်ပရိသတ်တွေအတွက် စိတ်ကောက်တတ်လွန်းတဲ့ ချစ်ဇနီးလေးကိုချော့ရင်း ယောက်ျားထုကြီးအတွက် ချော့နည်းလေးပါ ဝေမျှပေးလိုက်တဲ့ ချစ်တတ်လွန်းသူကြီး ရွှေထူးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေထူးကတော့ “ကိုယ့် မိန်းကလေး ကိုယ်ဘာမှမလုပ်ပဲစိတ်ကောက်နေလား… ချော့ပါ…ချော့ပစ်ပါ… ငပေါကြီးဖြစ်နေပါစေ ဟာသတွေပြောပြီးချော့ပစ်ပါ…မှတ်ချက် – ဘာလို့ကောက်တာလဲမမေးပါနဲ့ အဲ့တာဟာအပြစ်ပိုကြီးတတ်ပါတယ် 😁” ဆိုပြီး ချစ်ဇနီးလေးကို အနိုင်နိုင်ချော့ရင်း သူ့လိုပဲ စိတ်ကောက်တတ်တဲ့ ကောင်မလေးတွေကို ပိုင်ဆိုင်ထားတဲ့ ယောက်ျားထုကြီးကိုပါ နည်းလမ်းတွေ ဝေမျှပေးလိုက်တာပါ။


အဆိုပါပိုစ့်ရဲ့Comment မှာလည်း ချစ်ဇနီးကို စိတ်မကောက်ဖို့နဲ့ စိတ်ကောက်ပြေရင် Comment လာပြန်ပေးဖို့လည်း ချစ်စဖွယ်လေး တောင်းဆိုထားပါသေးတယ်။ ရွှေထူးကတော့ တကယ့်ကို ချစ်တတ်လွန်းသူကြီးပါပဲကွယ်…။


ရွှေထူးကတော့ လက်ရှိမှာ သီချင်းအသစ်တွေ ဖန်တီးဖြစ်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်တိုက်ဆိုသလို ရိုက်ကူးဖြစ်နေတာပါ။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံနှစ်ဦးကတော့ နှစ်ယောက်အတူပေါင်းပြီးတော့လည်း သီချင်းတွေ ဖန်တီးပြီး ပရိသတ်တွေကို ချပြလေ့ရှိပါတယ်။ ချစ်​ပရိသတ်​​တွေလည်း ချစ်ဇနီးလေးကို အရိပ်တကြည့်ကြည့် ချစ်တတ်လွန်းတဲ့ ခင်ပွန်းကောင်း ပီသလွန်းတဲ့ ရွှေထူးကိုချစ်​ရင်​ share သွားကြဖို့မ​မေ့ပါနဲ့​နော်​။

Credit-Momolay