နေရောင်ခြည်ကိုအံတုပြီးပွင့်တဲ့ နေကြာပန်းလေးတစ်ပွင့်လို လှပလန်းဆန်းနေတဲ့ ဝတ်မှုံရွှေရည်

အနုပညာ

အသက် (၃၁) နှစ်အရွယ် မင်းသမီးချောလေး ဝတ်မှုံရွှေရည်က ဆယ်ကျော်သက်အရွယ်ကစပြီး အခုချိန်ထိ လှပနုပျိုနေဆဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အသားဖြူပြီး သေးသေးသွယ်သွယ်လေးမို့ ကိုရီးယားမလေးတစ်ယောက်လို ချစ်စရာကောင်းနေသူလေးတစ်ယောက် ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က လူလေးလှသလို သရုပ်ဆောင်လည်း အထူးကောင်းမွန်တာမို့ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက် ဖြစ်နေတာပဲ ဖြစ်ပါတယ်။


ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးဖို့ ပြင်ဆင်နေသလို အခြားသော ကြော်ငြာတွေနဲ့ ပွဲတက်တွေကိုလည်း ရိုက်ကူးတက်ရောက်ပေးနေတာကို တွေ့ရှိရပါတယ်။


ဝတ်မှုံရွှေရည်က မနေ့က အောက်တိုဘာလ (၁) ရက်နေ့မှာတော့ Dermalogica Myanmar ကလုပ်တဲ့ The Skin Event ပွဲလေးကို တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဝတ်မှုံရွှေရည်ရဲ့ ပွဲတက်အမှတ်တရ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။


ဝတ်မှုံရွှေရည်က သူမရဲ့ ပွဲတက်အမှတ်တရလေးကို “ကစ်တကယ်အသုံးပြုတဲ့ product brand ခုဖြစ်တဲ့အပြင်သွားနေကြ California Skin Spa ကကျင်းပတဲ့ ပွဲလေးဆိုတော့မရောက်မဖြစ်လေး သွားရတာပေါ့ 💛” ဆိုပြီး ပြောထားပါတယ်။

ကစ်ရယ် တစ်နေ့တစ်ခြား ပိုတောင် လှလာတာ ဘာကြောင့်များလဲ 💛



ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ “တစ်ဦးတည်းသောကဏ္ဍိယ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးဖို့ ပြင်ဆင်နေတာဖြစ်ပြီး အခြားသော အနုပညာလှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေတာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ အဝါရောင်လေးနဲ့ အရမ်းကိုလှနေတာပဲနော်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။  မိုမိုလေး