ချစ်မဝတဲ့ သားသမီးတွေအတွက် နောက်ထပ်ခြေလှမ်းသစ်တစ်ခု စတင်နေပြီဖြစ်တဲ့ မေမေခိုင်နှင်းဝေ

အနုပညာ

ကလေးတို့မေမေ ခိုင်နှင်းဝေကတော့ သူမချစ်တဲ့သားသမီးတွေအတွက် နောက်ထပ်ခြေလှမ်းသစ် တစ်ခုကိုဖန်တီးတော့မယ့်အကြောင်း အသိပေးလိုက်တာပဲဖြစ်ပါတယ်။ ကိုယ့်သားသမီးတွေကို ပိုပြီးမြင့်မားတဲ့နေရာတွေမှာ ရှိစေချင်တာ မိဘတိုင်းရဲ့စေတနာပါပဲ။ ဝမ်းမနာသားသမီးတွေကို ရင်နဲ့လွယ်ပြီး ပြုစုပေးတဲ့ ခိုင်နှင်းဝေရဲ့ စေတနာမေတ္တာတွေကတော့ အံ့မခန်းပါပဲ။ သူမရဲ့သားသမီး တွေကိုလည်း အရမ်းဂရုစိုက်ပြီးချစ်လွန်းသူတစ်ယောက်ပါ။

လိုအပ်တဲ့နေရာတိုင်းမှာလည်း အချိန်နဲ့တပြေးညီ ကူညီထောက်ပံ့မှုတွေလုပ်တတ်ပြီး စေတနာအရင်း ခံနဲ့ ပရဟိတလုပ်နေသူ တစ်ယောက်လည်းဖြစ်ပါတယ်။ ဘုရားတရားလည်းကိုင်းရှိုင်းပြီး အလှူအတန်းတွေလည်း မကြာခဏလုပ်တတ်သူလေး တစ်ယောက်ပါ။ တစ်ကိုယ်တည်းအပျိုကြီးက ချစ်ရတဲ့သားသမီးတွေနဲ့မို့ ဘဝက သာယာလွန်းနေပါတယ်။

ကလေးတွေအတွက်ကို ” ချစ်ရတဲ့ ညီအစ်မတွေနဲ့ နေ့လည်စာစားရင်း,,, အလုပ်အကြောင်းလည်း ဆွေးနွေးရင်း ကလေးတွေအတွက် နောက်ထပ်ခြေလှမ်းသစ်တစ်ခု ထပ်မံစတင်ဖို့ ကေလးတို့ရဲ့မေမေ ပြင်ဆင်နေပါပြီရှင် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ မေမေခိုင်နှင်းဝေရဲ့ ခြေလှမ်းသစ်လေးက ဘာဖြစ်မလဲဆိုတာတော့ ရင်ခုန်နေပြီနော်။