လတိုင်း ထီပေါက်နေတာကြောင့် ပျော်ရွှင်နေတဲ့ ရတနာမိုင်

အနုပညာ

ရတနာမိုင်ကတော့ အသံချိုချိုအေးအေးလေးနဲ့ အများနဲ့မတူတဲ့ အသံပိုင်ရှင်လေးပဲ ဖြစ်ပြီး အဆိုတော်မိုင်ရဲ့ တစ်ဦးတည်းသောသမီးလေးဆိုတာ ပရိသတ်တွေကို အထူးမိတ်ဆက်စရာမလိုတော့ပါဘူး။ အဆိုတော်ပိုင်းတင်မဟုတ်ဘဲ သရုပ်ဆောင်ပိုင်းကိုလည်းစိတ်ဝင်စားကာ အဆိုတော်သရုပ်ဆောင်မင်းသမီးတစ်ယောက် လို့ ဆိုရမှာပါ။ ပရိသတ်တွေအပေါ်မှာလည်း ဖော်ဖော်ရွေရွေ နဲ့ ဆက်ဆံတတ်တဲ့အပြင် အနုပညာလုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ရင်းနှီးဖ်ာရွေစွာ ဆက်ဆံတတ်တဲ့ ရခိုင်တိုင်းရင်းသူလေးတစ်ယောက်ပါ။

ဘာသာရေးကိုင်းရှိုင်းကာ အလှူအတန်းတွေ မကြာခဏပြုလုပ်ပြီး မိဘကို အလုပ်အကျွေးပြုကာ သိတတ်လိမ္မာတဲ့ သမီးလိမ္မာတစ်ယောက်လည်း ဖြစ်ပါတယ်။အခုလက်ရှိမှာတော့ မိုင်လေးဟာ လတိုင်းနီးပါး ထီပေါက်နေတာကြောင့် ပျော်ရွှင် ဝမ်းသာနေတာ ဖြစ်ပြီး ” လတိုင်း ဒီလိုပဲပေါက်နေတော့မှာလား (၁)သိန်း တစ်ဆု နဲ့ ငါးသောင်း တစ်ဆု ” ဆိုပြီး ထီလက်မှတ်ပုံလေးနဲ့ အတူ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ ဖော်ပြခဲ့ပါတယ်။ထီပေါက်ဖို့ဆိုတာကတော့ လူတိုင်းအတွက် မဖြစ်နိုင်ဘဲ ကံကောင်းတဲ့သူတွေသာ ကံထူးတာ ဖြစ်တာကြောင့် မိုင်လေးကတော့ အရမ်းကို ကံကောင်းနေတယ်လို့ ဆိုနိုင်ပါတယ်။

ကလေးလေးသဖွယ် ချစ်စရာကောင်းတဲ့ အပြုအမူလးတွေ အပြောလေးတွေ အသံလေးတွေကြောင့် တစ်နိုင်ငံလုံးက အမျိုးသားပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်တဲ့အပြင် မိုင်လေးရဲ့ ထူးခြားတဲ့ Talent လေးကတော့ လူတိုင်းရဲ့ ပုံစံကို တူအောင်လုပ်ပြတတ်တာပါ။ အဲ့ဒိအချက်လေးကြောင့်လည်း ပရိသတ်တွေက သူ့ကို အချစ်ပိုစေတာပါနော်။ ပရိသတ်ကြီးလည်း လတိုင်းထီပေါက်နေတဲ့ မိုင်လေးအတွက် ဝမ်းသာစကားလေးပြောခဲ့ပါဦးနော်။

Source :Yadanar My