NHK ဗရမ်းဗတာ အဖွဲ့ကို အသည်းတွေတယားယားဖြစ်သွားအောင် လုပ်ခဲ့တဲ့ ထိပ်ထားလေး

အနုပညာ

လူမှုကွန်ရက်စာမျက်နှာကနေ တဆင့် စကားအရမ်းတတ်တဲ့ မီးမီးလေးအဖြစ် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ကလေးလေးတစ်ဦးဖြစ်တဲ့ ထိပ်ထားလေးကို ပရိသတ်တွေသိကြမှာပါ။ ဝဝကစ်ကစ်လေးနဲ့ အရမ်းကို ချစ်စရာကောင်းပြီး Tiktok ဗီဒီယိုလေးတွေကိုလည်း ချစ်စရာကောင်းအောင် ဆော့တတ်သူလေးမို့ ပရိသတ်တွေကြားမှာ အောင်မြင်တဲ့ ကလေးသရုပ်ဆောင်တစ်ဦးအဖြစ် နာမည်ကြီးလာသူလေးပါ။

လက်ရှိမှာ ထိပ်ထားလေးက ကြော်ငြာတွေများစွာကို ရိုက်ကူးလျက်ရှိပြီး ရုပ်ရှင်ဇာတ်ကားတွေမှာလည်းပါဝင်သရုပ်ဆောင်ထားတာကို မြင်တွေ့ရမှာပါ။ ချစ်စရာကောင်းအောင် အိုက်တင်လေးတွေအမျိုးမျိုးလုပ်တတ်တဲ့ ထိပ်ထားလေးက စကားလည်း အရမ်းတတ်ပြီး လည်သူလေးမို့ ပရိသတ်တွေက အသည်းတယားယားနဲ့ ချစ်နေရသူလေးဖြစ်ပါတယ်။ ပရိသတ်တွေအရမ်းချစ်ရတဲ့ ထိပ်ထားလေးက NHK ဗရမ်းဗတာ အဖွဲ့ နဲ့ ကြော်ငြာရိုက်ကူးရေးတစ်ခုမှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

NHK ဗရမ်းဗတာ အဖွဲ့မှ မင်းသမီးချောလေး ဆုမြတ်နိုးဦးက ထိပ်ထားလေးကို တွေ့ချင်လို့ ကျော်ကျော်နဲ့အတူ ကြော်ငြာရိုက်ကူးနေတဲ့ ရိုက်ကွင်းကို သွားလည်ခဲ့တာပါ။ မမ မေးသမျှကို ပြန်ဖြေရင်း ကလေးတို့ သဘာဝအတိုင်း ပြေးလွှာဆော့ကစားနေတဲ့ ထိပ်ထားလေးရဲ့ ပုံရိပ်လေးတွေကို တီတီ ဆုမြတ်နိုးဦးက အသေအချာ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်‌နော်။