အတူဆုံပြီး အမိုက်စားအကတွေနဲ့ ဒွန့်ပြီး ပျော်နေကြတဲ့ မြင့်မြတ်၊ အိချောပို၊ ခင်လှိုင်နဲ့ ဂွမ်းပုံတို့အုပ်စု

ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားကြပြီး အနုပညာလောကမှာ ထိပ်တန်းကနေ ရပ်တည်နေကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေကတော့ မြင့်မြတ်၊ အိချောပို၊ ခင်လှိုင်နဲ့ တက္ကသိုလ်ဂွမ်းပုံတို့ပဲ ဖြစ်ပါတယ်..။

အနုပညာလောကမှာ နယ်ပယ်အသီးသီးကနေ ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်နေကြတဲ့ အချစ်တော်လေး သူတို့ကတော့ ဇာတ်ကားတွေများစွာကိုလည်း အတူလက်တွဲရိုက်ကူးနေကြတဲ့ အနုပညာမောင်နှမတွေလည်း ဖြစ်ပါတယ်နော်..။


အခုတစ်ခါမှာလည်း အတူဆုံရင်း မြင့်မြတ်တို့ကတော့ အုပ်စုလိုက် အတူ အမိုက်စားအကလေးတွေ ဒွန့်နေကြတဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။

အချစ်တော်လေးတွေ အတူတွဲဖက်ရိုက်ကူးထားကြတဲ့ “ချိုးရုပ်” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Cele Show မှာ တွေ့ဆုံရင်း ပျော်စရာကောင်းလွန်းတဲ့ အမှတ်တရလေးတွေကို အတူဖန်တီးခဲ့ကြတာပဲ ဖြစ်ပါတယ်နော်..။


“ဒါရိုက်တာခင်လှိုင်(ဉာဏ်ကြီးရှင်)၏”ချိုးရုပ်”. .cele show. .လေးမှာ” ဆိုပြီး ပျော်စရာကောင်းတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ဂွမ်းပုံက ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။ချစ်ရတဲ့ ပရိသတ်တွေအတွက်လည်း ဂွမ်းစိန်လေးတို့ရဲ့ ခွီနေရတဲ့ ပျော်စရာအမှတ်တရပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ ကျေနပ်သဘောကျနေကြလိမ့်မယ်လို့ ထင်ပါတယ်နော်..။