မြန်မာဝတ်စုံလေးဝတ်ပြီး ဟန်ချက်ညီညီ က နေတဲ့ အေသင်ချိုဆွေရဲ့သမီးလေး Ivy

ပရိသတ်တွေကြားမှာ အရမ်းအောင်မြင်ခဲ့တဲ့ “ပေါက်တဲ့အိုး” သီချင်းခွေနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ အဆိုတော်မလေး အေသင်ချိုဆွေကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးမို့ ဇာတ်ကားတွေများစွာလည်း ရိုက်ကူးခဲ့သူတစ်ဦးပါ။ အနုပညာလောကထဲကနေ ခေတ္တခဏ ပျောက်ကွယ်သွားတဲ့ အေသင်ချိုဆွေကတော့ လက်ရှိမှာ ချစ်စရာသမီးလေးတစ်ယောက်နဲ့အတူ ဘဝကို ခိုင်ခိုင်မာမာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အေသင်က ကျောင်းမှာ မြန်မာဝတ်စုံလေးနဲ့ ကနေတဲ့ ချစ်သမီးလေးရဲ့ဗီဒီယိုလေးတစ်ခုကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရုပ်လေးလို ချစ်စရာကောင်းတဲ့ အေသင့်ရဲ့သမီးလေး Ivy ကိုတော့ မိသားစုဝင်တွေသာမကပဲ ပရိသတ်တွေကလည်း အရိပ်တကြည့်ကြည့်နဲ့ အချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်။


ချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်စရာကောင်းတဲ့ သမီးလေး Ivy ရဲ့အကဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

မေမေ အေသင်ချိုဆွေကတော့ “ဗီးဗီး ရဲ အက တကွက်မှာတင် ယူတို့ ကြွေတွားဦးမယ်နော် 🤣” ဆိုပြီး အရမ်းကို အသည်းယားစရာကောင်းတဲ့ ချစ်သမီးလေး Ivy ရဲ့ဗီဒီယိုလေးကို ဝေမျှပေးထားတာပါ။ အေသင်ချိုဆွေရဲ့သမီးလေး Ivy ကတော့ အခုဆိုရင် ကျောင်းတက်နေပြီဖြစ်ပြီး၊ အရမ်းကို လည်နေ၊ တတ်နေပြီပဲ ဖြစ်ပါတယ်။


ဘယ်သူ့မှ သင်ပေးစရာမလိုပဲ တစ်ယောက်တည်း က တတ်နေတဲ့ Ivy လေး

အေသင်ချိုဆွေကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက်ဆိုသလို ပြန်လုပ်ဖြစ်နေတာဖြစ်ပြီး၊ တစ်ဦးတည်းသော သမီးလေးအတွက် ဘဝကို ကြိုးစားရှေ့ဆက်နေတာပဲ ဖြစ်ပါတယ်။ တလောကထွက်ရှိထားတဲ့ အေသင်ချိုဆွေရဲ့”အသည်းကွဲသီချင်းတွေ မဆိုတော့ဘူး” ဆိုတဲ့ သီချင်းလေးကလည်း ပရိသတ်တွေရဲ့ သဘောကျနှစ်သက်ခြင်းကို အပြည့်အဝ ရရှိခဲ့ပါသေးတယ်။ ချစ်ပရိသတ်တွေလည်း သမီးလေးကိုကြည့်ရင်း တစိမ့်စိမ့်နဲ့ ကြည်နူးနေတဲ့ မေမေ အေသင်ချိုဆွေကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်

Credit-မိုမိုလေး