တရားစွဲခံရသော်လည်း တွန့်ဆုတ်မည်မဟုတ်ကြောင်း ဗစ်တိုးရီးယားအမှုမှ အောင်ကြီး၏ ရှေ့နေ ပြော

တရားစွဲဆိုခံထားရသော်လည်း တွန့်ဆုတ်ခြင်းရှိမည်မဟုတ်ကြောင်း ဗစ်တိုးရီးယားအမှုတွင် အောင်ကြီး၏ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် အောက်တိုဘာ ၉ ရက်က ထပ်မံစစ်ဆေးခဲ့သည့်ဗစ်တိုးရီးယားအမှုရုံးချိန်း၌ အောင်ကြီး၏ရှေ့နေ ဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ အခုဆိုရင် တရားစွဲမခံရတာ ဥပဒေအရာရှိပဲ ကျန်တော့တယ်။ ဥပဒေအရတော့ နှစ်ဖက်စလုံးမှာ တွန့်ဆုတ်ခြင်းရှိမှာ မဟုတ်ပါဘူး။ တရားစွဲခံရတဲ့ ရှေ့နေရော၊ အစွဲမခံရတဲ့ရှေ့နေရော။ကျွန်တော်တို့ အမှန်တရားကို ရှာဖွေတဲ့အခါမှာ တစ်ခါတစ်ခါမှာတော့ ထူးခြားဆန်းပြားတဲ့ ကိစ္စလေးတွေ ရှိတာပေါ့ဗျာ။ ထူးခြားလေ၊ နောက်ဆုံးကျ ပွင့်လင်းလာလေပေါ့ ’’ ဟု ၄င်းက ပြောသည်။

Image result for အောင်ကြီး၏ ရှေ့နေ ပြော

အောက်တိုဘာ ၉ ရက်က တရားရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် ရဲအုပ်ရန်နောင်စိုးနှင့် ကားသမား ၃ ဦးတို့အား စစ်ဆေးခင်းဖြစ်ပြီး စီစီတီဗီကင်မရာကိုင်သည့် ကိုရန်နောင်ဌေးကိုပါ အချိန်ရပါက ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ယင်းအပြင် ယာဉ်မောင်း အောင်ကြီးအား နှုတ်ဖြင့်အပါအ၀င် စာဖြင့်လည်း အာမခံလျှောက်ထားခဲ့ကြောင်း သိရသည်။ နေပြည်တော် Wisdom Hill မူကြိုကျောင်း၌ ၃ နှစ်အရွယ် ဗစ်တိုးရီးယားအမည်ရှိကလေးငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုတွင် ဒရိုင်ဘာအောင်ကြီးအား ရဲတပ်ဖွဲ့က ပုဒ်မ ၃၇၆ ဖြင့် နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့သည်။

Image result for အောင်ကြီး၏ ရှေ့နေ ပြော

လက်ရှိတွင် ဗစ်တိုးရီးယား၏ ဖခင်၊ မိခင်နှင့် အဘွားဖြစ်သူတို့အား စစ်ဆေးပြီးစီးကာ အမှုတွင် ဗီဒီယိုဖိုင်တင်ပြထားမှုကို တရားရုံးက လက်ခံခဲ့ပြီး ဗီဒီယိုဖိုင်ပါ အကြောင်းအရာများကို သတင်းမီဒီယာများသို့ ပြောပြသည်ဟုဆိုကာ အောင်ကြီး၏ ရှေ့နေဖြစ်သူ ဒေါ်စုဒါလီအောင်အား Wisdom Hill ကျောင်းက ကလေးသူငယ်အခွင့်အရေးဥပဒေဖြင့် တရားစွဲဆိုထားသည်။

Credit-အကုန်သိ