အရင်ဘဝက ဝဋ်ကြွေးရှိလို့ ကျွန်တော်တို့ခံရတာပါ ဆိုပြီး အမှန်တရားကို ပြောပြလာတဲ့ ဖြိုးပြည့်စုံ

မနက်က မောင်လေးဖြိုးပြည့်စုံကို ဗဟန်းရဲစခန်းမှာ သွားပြီး အားပေးဖြစ်တယ်။တကယ့်ကို မယုံနိုင်စရာကောင်းလောက်အောင် အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်ပါ။ သူနဲ့အတူ အဖမ်းခံရတဲ့မောင်လေး ၂ ယောက်ကလည်း တကယ့်ကို အေးအေးဆေးဆေးသမားတွေ။
ဘယ်သူ့ကိုမှလည်း အပြစ်မပြောကြရှာဘူး။

အစပိုင်းကတော့ ဘာမှန်းမသိတော့ လန့်ပြီးစိတ်ပူမိတယ် အစ်မရယ်တဲ့… အခုတော့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ယုံတယ်… မဟုတ်တာ မလုပ်ထားတာမို့… အမှန်တရား ပေါ်လာမှာပါတဲ့… 😢😢😢

ဘယ်သူ့ကိုမှလည်း အပြစ်မပြောကြရှာဘူး ဖမ်းတဲ့သူတွေကလည်း သတင်းပေးလို့ ဖမ်းရတာပါလေတဲ့  အရင်ဘဝက ဝဋ်ကြွေးရှိလို့ ကျွန်တော်တို့ခံရတာပါတဲ့  အခုကံနိမ့်နေတဲ့အချိန်မို့ထင်တယ်  အခုလို မထင်ထားတာတွေ ဖြစ်တာတဲ့… 😢😢😢

ဖြစ်တာက သတင်းပေးသူက အဲ့ဒီဆိုင်မှာ ၂ ယောက်ထိုင်နေတဲ့ ဝိုင်းဆိုပြီး ဝိုင်းနေရာကို ပြောသွားတော့ လာဖမ်းတဲ့အချိန်မှာ ဖြိုးပြည့်စုံက တခြားမှာစကားသွားပြောနေတဲ့အချိန် ပိုက်ဆံအိတ်နဲ့ ကားသော့ပဲ ကျန်ခဲ့တော့ ၂ ယောက်ထဲရှိနေတဲ့ သူ့မိတ်ဆွေတွေ ဆွမ်းခံရင်းငှက်သင့်တာလည်း ဖြစ်နိုင်ပါတယ်လေ တဲ့ 😢😢😢

သတင်းပေးသူကိုရော ဖမ်းတဲ့သူတွေကိုပါ တကယ် အကောင်းဖက်က လှည့်တွေးပေးကြရှာတယ် နောက်တစ်ချက် လေးစားသွားတာက ၃ ယောက်လုံး တစ်ယောက်ကိုတစ်ယောက် သံသယမဝင်ဘူး မင်းကြောင့်. ငါ့ကြောင့်ဆိုပြီး အပြစ်ပုံမချကြဘူး အချင်းချင်း မဟုတ်တာမလုပ်ဘူးဆိုတာ ယုံကြည်မှုရှိနေကြတယ်

ဖြိုးပြည့်စုံကတော့ ပြောရှာတယ် နေမကောင်းလို့အလုပ်တွေ ခဏနားမယ်ပြောထားတာ ပါးစပ်စီးသွားတာလားမသိဘူး တဲ့ အခု ဒီလိုပုံစံနဲ့ ဒီမှာ လာနားရတယ်လို့ပဲ သူ့စိတ်မှာ မှတ်ပါတယ်တဲ့😢😢😢 ဝဋ်ရှိရင်တော့ ရှောင်လို့ ဘယ်ရမလဲ အစ်မရယ်တဲ့ 😢😢😢

အားလုံးဝိုင်းပြီး ဆုတောင်းပေးနေပါတယ် မောင်လေးရေ… 🙏🏻🙏🏻🙏🏻 အမှန်တရားအစစ်အတိုင်း ဖြစ်ပါစေ🙏🏻🙏🏻🙏🏻

Credit-စွယ်စုံ