အဘွားရဲ့ ခြေရာကို အဘွားရဲ့ ကိုယ်ပွားအဖြစ် သိမ်းဆည်းထားလို့ရအောင် ပုံတူပြုလုပ်ခဲ့တဲ့ ဇေရဲထက်

အနုပညာ

ဇေရဲထက်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ ပါးစပ်ဖျားမှာ နေရာအပြည့်အဝယူနိုင်ခဲ့တဲ့ မင်းသားချောလေးတွေထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ စမတ်ကျကျနဲ့ နေထိုင်တတ်သူတစ်ယောက်ဖြစ်ပြီး သူရဲ့ ညို့အားပြင်းတဲ့ အကြည့်လေးတွေကြောင့် မိန်းကလေးပရိသတ်တော်တော်များများရဲ့ ဝန်းရံမှုကို ခံနေရတဲ့ မင်းသားတစ်လက်ဆိုလည်း မမှားပါဘူး ။ ဇေရဲထက်ကတော့ သရုပ်ဆောင်ပိုင်းမှာ ဇာတ်လမ်းဇာတ်အိမ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ရုံသာမက

ယောကျာ်းလေးတစ်ယောက်ဖြစ်ပေမယ့် အချက်အပြုတ်ပိုင်းမှာလည်း ကျွမ်းကျင်တာကြောင့် မိန်းကလေးပရိသတ်တွေကတောင် လေးစားအားကျ နေရတာဖြစ်ပါတယ်။ မိသားစုအပေါ်မှာလည်း ဦးဆောင်ဦးရွက်နဲ့ တာဝန်ကျေပွန်အောင် ဆောင်ရွက်ပေးနေသူတစ်ယောက်ဖြစ်ပြီး ညီအစ်ကို မောင်နှမတွေအပေါ်မှာလည်း အကိုကြီးအဖအရာဆိုတဲ့ ဆောင်းပုဒ်နဲ့ညီအောင် နေထိုင်တတ်သူတစ်ယောက်လို့လည်း သိရပါတယ်။

သားလိမ္မာလေးတစ်ယောက်ဖြစ်တဲ့ ဇေရဲထက်ကေတော့ ကလေးဘ၀ (၅)လသားလောက်ကတည်းက ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ အရမ်းချစ်ရတဲ့ အဘွားရဲ့ ခြေရာကို အဘွားရဲ့ ကိုယ်ပွားအဖြစ် သိမ်းဆည်းထားလို့ရအောင် ပုံတူပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ခုလိုပုံတူရအောင်ကူညီပေးတဲ့ သူတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်ဆိုတဲ့ အကြောင်းကို ပရိသတ်အချစ်တော် သားလိမ္မာလေးတစ်ယောက်ဖြစ်တဲ့ ဇေရဲထက်က “ကိုယ်ပွားအဖြစ်ခြေထောက်ရာလေးလိုချင်လို သေချာဂရုစိုက်ပြီး အိမ်အထိလာရောက် ပုံတူယူပေးသော craft loversကိုအထူးကျေးဇူးပါ” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ အဘွားခြေရာကို ကိုယ်ပွားအဖြစ်ပုံတူပွားနေတဲ့ ဇေရဲထက်အတွက် မှတ်ချက်လေး ပြောပြခဲ့ပါဦးနော်……။