တောင်ကိုးရီးယားနိုင်ငံရဲ့ အဆိုတော်မလေး Suilli ရဲ့ သေဆုံးမှုသတင်းဟာ သူမပရိသတ်တွေအတွက် အတော်သွေးပျက်စေခဲ့ပါတယ်။ သူမ သေဆုံးသွားတယ်ဆိုတဲ့ သတင်းဟာ ယနေ့ မနက်ပိုင်းက စတင်ထွက်ပေါ်လာခဲ့တာဖြစ်ပြီးတော့ ရဲတွေကလည်း သူမသေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့တဲ့နောက်မှာတော့ Suilli တစ်ယောက် ပရိသတ်တွေကို ခွဲခွာနှုတ်ဆက်သွားခြင်းဟာ အမှန်တကယ်ဖြစ်ကြောင်း လက်ခံခဲ့ကြရပါတယ်။
Suilli ဟာ သူမအိမ်ရဲ့ ဒုတိယထပ်မှာ ကြိုးဆွဲချသေဆုံးခဲ့တာဖြစ်ပြီးတော့ သူမသေဆုံးချိန်မှာတော့ အသက် (၂၅) နှစ်သာရှိပါသေးတယ်။ ငယ်ရွယ်နုပျိုပြီး အောင်မြင်မှုတွေရရှိနေတဲ့အချိန်မှာ အဆုံးစီရင်သွားတဲ့ Suilli အတွက် သူမပရိသတ်တွေကလည်း ဝမ်းနည်းနေခဲ့ကြတာပါ။
Suilli ရဲ့ ဆုံးပါးသွားတဲ့ သတင်းအပေါ် သရုပ်ဆောင် ဇေရဲထက်က မှတ်ချက်ပေးမှုတစ်ခုရှိခဲ့ပြီးတော့ ထိုမှတ်ချက်ပေးမှုအပေါ်မှာ ပရိသတ်တွေက ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ဝေဖန်မှုကြောင့် ဇေရဲထက်တစ်ယောက် ပို့စ်ကိုဖျက်လိုက်ပြီဖြစ်ပေမယ့် ဝေဖန်မှုတွေက မပြီးဆုံးသွားခဲ့ပါဘူး။
ဇေရဲထက်ကတော့ ဝေဖန်နေကြတဲ့ ပရိသတ်အားလုံးကို ယခုလိုပဲ တောင်းပန်ခဲ့ပါတယ် “ကဲ ပြောပါ ဆဲပါ ရပါတယ်းးကျနော်က ခံနိုင်ရည်ရှိပါတယ်းးး ကျနော့်ပိုစ့်ကိုဖျတ်တာကလညါး ကျနော့်ကိုချစ်တဲ့ fan တွေနဲ့စကားများ မှာစိုးလို့ဖျတ်ပေးတာပါးးးးး ကျနော်တင်တဲ့ပို့စ်မှာလည်း ထိခိုက်ပါစေ စာနာမှု့ကင်းမဲ့စွာရေးတာမဟုတ်ပါဘူးးးး ညီမလေးသတ်သေတာ မတန်ဘူး လို့ထင်လို့ပါးးးး အိုကေးးအာ့ဒီ့အတွက်မှားတယ်ထင်လည်း ကျနော်ခံပါ့မယ်းးးး အမုန်းတွေမပွားချင်လို့ပါးးးးးဒါပေမယ့်ကျနော်လည်းခံစားတတ်တဲ့လူပါးးးး ကဲကျနော့်ရဲ့အချစ်တွေလည်း ကျနော့်ကြောင့် အပြောခံခဲ့ရရင်လည်း🙏🙏🙏အရေးကြီးတာက ကိုယ့်စိတ်ရင်းဖြူစင်စွာနဲ့ရေးခဲ့တယ်ဆိုတာတော့ ကျနော်ကိုယ်တိုင်အသိပါ🙏🙏🙏🙏🙏ကဲအားလုံးတောင်းပန်ပါတယ် peace” လို့ သူ့ရဲ့ အကောင့်ကနေ ရေးသားဖော်ပြလာတာပါ။
အားလုံးလည်း ဇေရဲထက်ကိုနားလည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်နော်။
Credit-We Love Cele