အသက် (၃၀) ကျော် မမတွေက ပိုချော၊ ပိုလှကြောင်း သက်သေပြခဲ့တဲ့ ဝတ်မှုံရွှေရည်

အနုပညာ

နိုင်ငံကျော် မင်းသမီးချောလေး ဝတ်မှုံရွှေရည်က အသားဖြူဖြူနဲ့ ခန္ဓာကိုယ် သေးသေးသွယ်သွယ်လေးမို့ ကိုရီးယားမလေးတစ်ယောက်လို လှပလွန်းသူပါ။ အပြစ်ရယ်လို့ ဆိုဖွယ်ရာမရှိတဲ့ ဝတ်မှုံရွှေရည်ရဲ့အလှကို ယောကျာ်းလေး ပရိသတ်တွေသာမက မိန်းကလေး ပရိသတ်တွေကလည်း ချစ်ကြတာ ဖြစ်ပါတယ်။


ပရိသတ်ကြီးချစ်တဲ့ မင်းသမီးလေး ဝတ်မှုံရွှေရည်က ဒီနေ့မှာတော့ ကြော်ငြာတစ်ခုကို ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် ဝတ်မှုံရွှေရည်ရဲ့ ကြော်ငြာရိုက်ကွင်းပေါ်က ပုံရိပ်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။


ဝတ်မှုံရွှေရည်ကတော့ အသက် (၃၀) ကျော်သွားသည့်တိုင် ငယငယ်ကအတိုင်း လှပနေဆဲဖြစ်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ကျက်သရေရှိနေတာပဲ ဖြစ်ပါတယ်။


ဝတ်မှုံရွှေရည်က မကြာသေးခင်မှ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပြီး မကြာခင်မှာလည်း “လိပ်ပြာစံအိမ် (2)၊ ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဝတ်မှုံရွှေရည်လေးရဲ့ စူးရှတဲ့အကြည့်အောက်မှာ အခါခါသေဆုံး 😍😍😍


ဝတ်မှုံရွှေရည်ကတော့ မြန်မာဝတ်စုံလေးကို ကျက်သရေရှိရှိ ဝတ်ထားတော့ ပိုလို့တောင် လှလာသေးတယ်နော်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ပုံလေးတွေကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Credit-Momolay