မူးယစ်သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံခဲ့ရတဲ့ အဆိုတော် ဖြိုးပြည့်စုံ မီဒီယာတွေ့ဆုံပွဲလုပ်

အနုပညာ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မူးယစ်ဆေးဝါးသံသယမှုနဲ့ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးစစ်ဆေးခံရပြီး ရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်လာခဲ့တဲ့ အဆိုတော်ဖြိုးပြည့်စုံအပါအ၀င် ၃ ဦးဟာ ဒီကနေ့ အောက်တိုဘာ ၁၅ ရက်နေ့မှာ မီဒီယာတွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။

Image may contain: 3 people, people sitting and text

Image may contain: 1 person

အဆိုပါပွဲမှာ အဆိုတော်ဖြိုးပြည့်စုံ၊ တေးရေးငြိမ်းချမ်းကို ၊ ရော်နီဆန်းလွင်တို့ ၃ဦးအပါအ၀င် အဆိုတော် နွဲ့ယဉ်ဝင်း၊ ဒါရိုက်တာ ကြည်ဖြူသျှင် အပါအ၀င် အနုပညာသမားအချို့ကလည်း ၀န်းရံပါဝင်ခဲ့ ကြပါတယ်။

Image may contain: 1 person, on stage and indoor

‘‘ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုလည်းရှိပါတယ်။ သတင်းအမှားကြောင့်။ ကျွန်တော့် အနုပညာသက်တမ်း ၃နှစ်ကျော်အတွင်းမှာ ကျွန်တော့်အကြောင်းကို သိလို့ ထောက်ခံသူတွေရော၊ မသိပေမယ့် ကျွန်တော့ လုပ်ရပ်တွေကို ကြည့်ပြီး ထောက်ခံအားပေးသူတွေကိုလည်း ကျေးဇူးတင်ပါတယ်’’လို့သံသယနဲ့ဖမ်းဆီး ခံခဲ့ရတဲ့အပေါ် ဖြိုးပြည့်စုံကရှင်းလင်းပြောဆိုခဲ့ပါတယ်။

Image may contain: 3 people, people smiling, text

Image may contain: 4 people, people smiling, people sitting and text

Credit-ဘီဘီစီ