ရွာက ကလေးတွေ သီတင်းကျွတ်ကန်တော့တာကို ငါးထောင်တန် အထပ်လိုက်ကိုင်ပြီး မုန့်ဖိုးပေးကာပျော်နေတဲ့ ဖြူဖြူထွေး

အနုပညာ

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်ဖြူဖြူထွေးကတော့ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် လျှောက်လှမ်းနေပြီပဲ ဖြစ်ပါတယ်နော်..။

အနုပညာလောကမှာ နေရာတစ်နေရာရရှိ အောင်မြင်နေသလို မိဘတွေနဲ့ လူကြီးသူမတွေကို သိတတ်ရိုသေပြီး မကြာခဏလှူဒါန်းမှုလေးတွေနဲ့ ဂါဝရပြုတတ်တဲ့ စိတ်ထားလေးကလည်း ပရိသတ်တွေကို အချစ်ပိုစေတာပါနော်..။

အခုသီတင်းကျွတ်လေးမှာလည်း ဖြူဖြူထွေးတစ်ယောက် ရွာကို ပြန်ရင်း မိဘတွေကို ကန်တော့ပြီး ရွာမှာရှိတဲ့ သက်ကြီးရွယ်အို ဖိုးဖွားတွေကိုလည်း လိုက်ကန်တော့ရင်းပျော်နေသလို ကလေးတွေက သူမကိုကန်တော့တာလေးကိုလည်း ကြည်နူးနေပါတယ်နော်..။

သက်ကြီးဖိုးဖွားတွေအတွက် မုန့်တွေနဲ့အတူ ဂါဝရပြုကန်တော့ခဲ့သလို တတ်နိုင်တာလေးတွေနဲ့ သူမကို ပြန်တော့တဲ့ ကလေးတွေကိုလည်း မုန့်ဖိုးတွေ ပေးကာ ကြည်နူးရင်း ပျော်နေတာပါနော်..။

ငါးထောင်တန်နဲ့ တစ်ထောင်တန် အထပ်ကိုင်ပြီး မုန့်ဖိုးတွေပေးသလို ဆုတွေလည်း တသီကြီး ပေးနေတဲ့ ဖြူဖြူထွေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကိုတော့ မြင်သူတိုင်းက်ချစ်ပိုနေကြမှာပါနော်..။

ကလေးတွေ မုန့်ဖိုးရအောင် ကန်တော့ခံတာဖြစ်ပေမယ့် ရှက်နေတဲ့ သူမရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေ အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။