ဖိုးဖိုး၊ဖွားဖွားနဲ့အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုရောက်ရှိနေတဲ့ Liam လေး

အနုပညာ

ယွန်းဝတီလွင်မိုးရဲ့သားလေး Liam ကတော့ နှစ်ဖက်ဖိုးဖိုး၊ဖွားဖွားတို့ရဲ့အချစ်တွေကို ရရှိပိုင်ဆိုင်ထားရုံသာမကဘဲ ပရိသတ်တွေကပါ ချစ်မဝဖြစ်နေရတာပါ။ သားလေးရဲ့အမူအရာလေးတွေဟာလည်း အရမ်းကိုအသည်းယားစရာကောင်းလွန်း နေတာပါ။

သူ့ရဲ့ဗီဒီယိုလေးတွေပုံရိပ်လေးတွေကိုပဲ ပရိသတ်တွေကအသည်းတယားယားနဲ့ချစ်မဝဖြစ်နေရတာပါ။ သားလေးဟာ အခြားကလေးတွေနဲ့မတူပဲ အော်ငိုတာမျိုးမရှိပဲ အမြဲတမ်းပြုံးပြုံးလေးနေတာဟာလည်း ချစ်စရာကောင်းလွန်းတဲ့ အချက်တစ်ချက်ပါ။


လတ်တလောမှာလည်း ဖိုးဖိုး၊ဖွားဖွား တို့နဲ့အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတာပါ။ ဖွားဖွားမေသူရဲ့ Instagram လူမှုကွန်ယက်တွင်လည်း သားလေးရဲ့ပုံရိပ်လေးတွေနဲ့ဗီဒီယိုတွေလည်း တင်ထားတာပါ။ပရိသတ်တွေအတွက် ဒီပုံရိပ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။