အသက် (၂၀) နဲ့ နော်ဝေသံရုံးရဲ့ သံအမတ်ကြီးအဖြစ် တစ်ရက်တာထမ်းဆောင်ခဲ့တဲ့ မြန်မာမလေး

သတင်း

နော်ဝေသံရုံးရဲ့ သံအမတ်ကြီးအဖြစ် တစ်ရက်တာ ထမ်းဆောင်ခဲ့တဲ့ အေးအိန္ဒြာမောင်ပါရှင်။ အသက်(၂၀) သာ ရှိသေးတဲ့ အေးအိန္ဒြာဟာ Plan International ရဲ့ ပုခုံးပြောင်းတာဝန် လွှဲယူကြမည့် မိန်းကလေးငယ်များ (#GirlsTakeover) အစီအစဉ်ရဲ့ ကဏ္ဍတစ်ခုအနေနဲ့ နော်ဝေ သံရုံးတစ်ခုလုံးကို အောက်တိုဘာ ၁၀ ရက်နေ့က ဦးဆောင်စီမံခန့်ခွဲသွားခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ရှိနေကြတဲ့ မိန်းကလေးငယ်တွေအနေနဲ့ ဦးဆောင်မှုကဏ္ဍကို ရယူနိုင်ကြစေဖို့ တိုက်တွန်းအားပေးတဲ့ အနေနဲ့ လူမှုရေးအရကော နိုင်ငံရေးအရပါ ကြိုးပမ်းဆောင်ရွက်သင့်တာတွေကို ဒီကမ်ပိန်းက နှိုးဆော် ပေးလျက်ရှိပါတယ်။

Image may contain: 3 people, people smiling, indoor

“အစည်းအဝေးချည်းပဲ ၁၀ ခုလောက်တက်ခဲ့ရတဲ့ ဒီနေ့ကတော့ အတော့်ကိုရှုပ်ထွေးပင်ပန်းလွန်း ပါတယ်။ ဒါပေမယ့် ကျွန်မကတော့ ပျော်နေတာပဲ။ သံတမန်လောကမှာလည်း အလုပ်လုပ်ချင်ပါတယ်။ အမျိုးသမီးတစ်ယောက်ကဦးဆောင်နေတဲ့ သံရုံးမှာ အလုပ်လုပ်ရတာကိုက အရမ်းကို စိတ်ခွန်အား တိုးပွားခဲ့ပါတယ်။ ကျွန်မလို မိန်းကလေးငယ်တွေကိုလည်း ဦးဆောင်သူတွေဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်” လို့ အေးအိန္ဒြာက ပြောသွားခဲ့ပါသေးတယ်။

Image may contain: 1 person, sitting and indoor

Image may contain: 3 people, people sitting, table and indoor

သူမဟာ ရန်ကုန်မှာရှိတဲ့ သံမှူးတွေနဲ့အတူ ရွေးကောက်ပွဲဆိုင်ရာအစည်းအဝေးကို တက်ရောက်ခဲ့ရသလို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဥက္ကဌဖြစ်လာရေး နော်ဝေရဲ့ ကြိုးပမ်းမှုများအတွက်ကိုလည်း ဝင်ပြီးအကြံပေးဆွေးနွေး ခဲ့ပါသေးတယ်။ ဒါ့အပြင် Norwegian Church Aid အဖွဲ့ကိုလည်း လက်ခံတွေ့ဆုံခဲ့သလို သံရုံးရဲ့ ဆိုရှယ်မီဒီယာမှာလွှင့်တင်မယ့် အကြောင်းအရာတွေကိုလည်း လမ်းညွှန်ဆုံးဖြတ်ပေးခဲ့ပါသေးတယ်။

Image may contain: 2 people, people smiling, people sitting, office, screen, table and indoor

Image may contain: 1 person, sitting, table and indoor

“သံအမတ်အဖြစ်နဲ့ တစ်ရက်တာ တာဝန်ယူလုပ်ဆောင်သွားခဲ့တဲ့ အေးအိန္ဒြာရဲ့လုပ်ရပ်တွေကတော့ အံ့မခန်းပါပဲ။ အနာဂါတ်မှာ အမျိုးသမီးခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်တဲ့ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်တွေထဲက အထင်ရှားဆုံး စံနမူနာတစ်ခုလို့လည်း ဆိုရမှာပါ။ နောက်ဆိုရင် နိုင်ငံရေးနယ်ပယ်နဲ့ ဦးဆောင်သူအခန်းကဏ္ဍတွေမှာ ပေါ်လွင်ထင်ရှားလာမယ့် မြန်မာမိန်းကလေး အားလုံးကို ကိုယ်စားပြုသွားတယ်ဆိုရင်လည်း မမှားပါဘူး” လို့ နော်ဝေသံအမတ်ကြီး Tone Tinnes ကလည်း မှတ်ချက်ပြုသွားခဲ့ပါသေးတယ်ရှင်။

Image may contain: 4 people, people smiling, people sitting, table and indoor

မိန်းကလေးငယ်တွေအတွက် အေးအိန္ဒြာက “အခွင့်အလမ်းပေါ်လာရင် တွန့်ဆုတ်မနေပါနဲ့။ အမိအရသာ ဖမ်းဆုပ်လိုက်စမ်းပါ” လို့ အကြံပြုတိုက်တွန်းသွားခဲ့ပါတယ်။ သံအမတ်ကြီးအဖြစ်နဲ့ တစ်ရက်တာ လာရောက်ထမ်းဆောင်ပေးသွားတဲ့ သံအမတ်ကြီးအေးအိန္ဒြာကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Credit-RNEY