ချစ်စနိုးဦးရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့တဲ့ စမိုင်းလ်တို့ စုံတွဲ

အနုပညာ

90s born ပရိသတ်တွေကြားမှာ ပါးချိုင့်လေးနဲ့ ရေပန်းစားသွားသူက ချစ်စနိုးဦး ဖြစ်ပါတယ်။ နာမည်လေးနဲ့ လိုက်အောင် ချစ်ဖို့ကောင်းတဲ့သူ ဖြစ်သလို အသံချိုချိုလေးလည်း ပိုင်ဆိုင်ထားသူပါ။ သက်တူရွယ်တူတွေ အစွံထုတ်သွားကြတဲ့ အချိန်မှာ ချစ်စနိုးဦးရဲ့ ဖူးစာရှင် ရောက်လာချိန်ကတော့ နည်းနည်းနောက်ကျသွားပါတယ်။ ဒဂုံ (၁) မှာ ကျောင်းတူတူ တက်ဖူးတဲ့ သူငယ်ချင်းနှစ်ယောက် ချစ်သူသက်တမ်း (၅) နှစ်ကျော် လက်တွဲခဲ့ပြီးချိန်မှာတော့ မင်္ဂလာပွဲအတွက် ပြင်ဆင်ရပြန်ပါပြီ။

ဖိုးသား (Guardians) နဲ့ ချစ်စနိုးဦးတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့ ဝါကျွတ်အပြီး သုံးရက်အကြာမှာ ပြုလုပ်ခဲ့တာပါ။ ဒီမတိုင်ခင် အရင်တည်းက wedding proposal ကို ရုပ်ရှင်ရုံထဲမှာ ရိုမန့်တစ် ဆန်ဆန် ပြုလုပ်ခဲ့ပြီး ဖိုးသားက လက်ထပ်ခွင့် တောင်းခဲ့ပါသေးတယ်။ နိုင်ငံခြားမှာ စုံတွဲအလှဓာတ်ပုံ ရိုက်ကူးခဲ့သပြီး ပရိသတ်တွေကို အားကျမင်သက်စေခဲ့ပါတယ်။

ချစ်စနိုးဦးတို့ရဲ့ မင်္ဂလာလက်မှတ် ရေးထိုးပွဲမှာ ဖိတ်ကြားထားတဲ့ အနုပညာရှင်တွေ အစုံ တက်ရောက်ချီးမြှင့်ခဲ့သလို သရုပ်ဆောင် စမိုင်းလ်တို့ စုံတွဲလည်း တက်ရောက်ခဲ့ပါတယ်။ ဓာတ်ပုံရိုက်ရင် မပြုံးတတ်တဲ့ ခင်ပွန်းသည်ကို “ကိုမပြုံး” ဆိုပြီး စမိုင်းလ်က caption တပ်ခဲ့ပါသေးတယ်။

Image result for ချစ်စနိုးဦးရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့တဲ့ စမိုင်းလ်တို့ စုံတွဲ

ဖိုးသားနဲ့ ချစ်စနိုးဦးတို့ရဲ့ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာလမှာ ကျင်းပပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ သရုပ်ဆောင် စမိုင်းလ် တင်ထားတဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲ ပုံရိပ်တွေကို ခုလို ဖော်ပြပေးလိုက်ပါတယ်။

Credit-Yangon News