ပရိသတ်တွေ အရမ်းကို အားကျချစ်ခင်ကြရတဲ့ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံကတော့ ချစ်စရာကောင်းတဲ့ အမြွာသမီးလေး နှစ်ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ သမီးလေးတွေကိုလည်း ဂါဝရတရားရှိအောင် သင်ပေးထားတဲ့ မေမေချစ်သုဝေကတော့ လတ်တလောမှာ ခေတ်နဲ့ သစ်တို့ ကိုယ်ဝန်ကတည်းက စောင့်ရှောက်ပေးခဲ့သူကို ခေတ်နဲ့သစ်ကိုခေါ်ပြီး သွားကန်တော့ခဲ့တဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ မေမေချစ်သုဝေရဲ့ပုံစံအတိုင်း တစ်ပုံစံတည်း လိုက်ကန်တော့နေတဲ့ ခေတ်နဲ့သစ်တို့ရဲ့ပုံလေးတွေကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းနေတာပါနော်။
ချစ်ပရိသတ်တွေအတွက် သူမတို့ သားအမိတွေအပေါ် ကျေးဇူးရှိတဲ့သူကို သွားရောက်ကန်တော့ခဲ့တဲ့ ချစ်သုဝေရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
မေမေ ချစ်သုဝေကတော့ “သမီးလေးတွေကိုယ်ဝန်နဲ့တစ်လျောက် ကိုယ့်ကိုအရမ်းဂရုစိုက်ပြီး သမီးလေးတွေချောချောမောမောမွေးဖို့ အကောင်းဆုံးလုပ်ပေးခဲ့တဲ့ ချစ်တဲ့မမမေသူ❤️ မတွေ့တာကြာတော့ စကားတွေကပြောမဝ..မယ်ခေတ်နဲ့မယ်သစ်ကတော့ cookieတွေ cake တွေကြားအပျော်ကြီးပျော်နေလေရဲ့❤️” ဆိုပြီး သူမတို့ သားအမိရဲ့ချစ်စရာပုံလေးတွေကို ဝေမျှပေးထားတာပါ။
ကွတ်ကီးတွေစားရလို့ ပျော်နေတဲ့ ခေတ်နဲ့ သစ်လေး…။
မေမေ ချစ်သုဝေကလည်း သမီးလေးတွေနဲ့အပြိုင် စားပါတယ်နော်…။
အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ ဖေဖေ၊ မေမေတို့ထက်တောင် ချစ်ခင်သူတွေ ပိုများတဲ့ ဆယ်လီမီးမီးလေးတွေကတော့ မိဘနှစ်ပါးနဲ့တူလို့ ဂီတကို ဝါသနာပါကြတာလည်း တွေ့ရပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းချစ်ဖို့ကောင်းတဲ့ ချစ်သုဝေတို့ သားအမိတွေကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit-မိုမိုလေး