အလုပ်တွေမအားလပ်တဲ့ကြားက ကလေးတွေဆီအပြေးပြန်လာခဲ့တဲ့ မေမေခိုင်နှင်းဝေ

အနုပညာ

ခိုင်နှင်းဝေကတော့ မင်းသမီးတစ်ယောက်အနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ မင်းသမီးချောတစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ အောင်မြင်တဲ့ မင်းသမီးတစ်ယောက်ရဲ့ဘဝထက် ဒုက္ခရောက်နေတဲ့ သူတွေကိုကူညီမှုတွေပေးအပ်နေတဲ့ ပရဟိတလုပ်ငန်းတွေကို တစိုက်မတ်မတ်နဲ့ ပိုမိုလုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ခိုင်နှင်းဝေဟာ လိုအပ်တဲ့နေရာဒေသတွေအထိ သွားရောက်ကာ လူမှုကူညီမှုတွေနဲ့ ပတ်သက်ပြီး အမြဲလိုလို တက်တက်ကြွကြွကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်လေ့ရှိတာကိုလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။

ခိုင်နှင်းဝေတစ်ယောက် လုပ်ဆောင်နေတဲ့ လူမှုကူညီရေးတွေထဲကမှ အမွန်မြတ်ဆုံးပရဟိတလုပ်ငန်းတစ်ခုအဖြစ် မိဘမဲ့ လူမမယ်ကလေးတွေကို စောင့်ရှောက်တဲ့ “ခိုင်နှင်းဝေ ရင်သွေးလေးများဂေဟာ”လေးကိုဖွင့်လှစ်ထားတာကြောင့် ပရိသတ်တွေက ခိုင်နှင်းဝေကို “ပရဟိတ မိခင်ကြီး”လို့တောင်တင်စားခေါ်ဝေါ်ကြပါသေးတယ်။ခိုင်နှင်းဝေကတော့ ဂေဟာမှာခေါ်ယူမွေးစားထားတဲ့ ကလေးတွေကို သူ့ရဲ့ ရင်နှစ်သည်းချာသားသမီးအရင်းတွေကို သေသေချာချာပြုစုစောင့်ရှောက်ထားတာပါ။

လက်ရှိမှာတော့ ခိုင်နှင်းဝေဟာ အလုပ်ကိစ္စတွေနဲ့ ခရီးတွေဆက်တိုက်ထွက်နေတာကြောင့် မအားမလပ်ဖြစ်နေတာပဲဖြစ်ပါတယ်။အခုလို အလုပ်တွေ မအားလပ်တဲ့ ကြားထဲကတောင် အပြေးအလွှားနဲ့ ပြန်လာပြီး ကလေးတွေကို သွားရောက်တွေ့ခဲ့ပါသေးတယ်။ပြန်ရောက်ရောက်လာပြီး နောက်နေ့ အလုပ်ကိစ္စတွေနဲ့ ခရီးတွေပြန်ထွက်ရမှာကို ကလေးတွေကို လွမ်းနေတာကြောင့် အားတဲ့အချိန်လေးမှာ ဂေဟာကို အပြေးအလွှားသွားတွေခဲ့တာပဲဖြစ်ပါတယ်။