ကိုယ့်အပေါ် မကောင်းတဲ့ ယောကျာ်းအတွက်အချိန်ကုန်ခံနေမယ့်အစား မေမေ့သမီးလေးအတွက်ပဲ ရှင်သန်မယ်ဆိုတဲ့ အေသင်ချိုဆွေ

အနုပညာ

အေသင်ချိုဆွေကတော့ တစ်ချိန်က သီချင်းကောင်းလေးတွေရဲ့ ပရိသတ်တွေရဲ့ အချစ်ကို ဖမ်းစားနိုင်ခဲ့သူလေးပဲ ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေ ယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ အေသင်ကတော့ အောင်မြင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး သူမရဲ့ သီချင်းလေးတွေဟာ ယနေ့ချိန်ထိ နားထောင်လို့ ကောင်းနေဆဲဖြစ်ပါတယ်။


သူမကတော့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သူမရဲ့ သမီးလေးအိုင်ဗီလေးကတော့ ပရိသတ်တွေ သည်းသည်းလှုပ်ချစ်ခင်ရသူလေးပဲ ဖြစ်ပါတယ်။ သူမကတော့ ကိုယ့်ရဲ့ မေတ္တာတရားကို အမြဲလိုအပ်နေတဲ့ သမီးလေးအိုင်ဗီလေးအတွက် ရှင်သန်မယ့်အကြောင်းကို ပြောထားခဲ့ပါတယ်။


သူမကတော့ ” ကိုယ့်အပေါ် မကောင်းတဲ့ ယောကျာ်းအတွက်အချိန်ကုန်ခံနေမယ့်အစား ကိုယ့်ရဲ့ မေတ္တာတရားကို အမြဲလိုအပ်နေတဲ့မေမေ့သမီးလေးအတွက်ပဲ မေမေရှင်သန်မယ် ” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အေသင်သမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။