ထူးခြားပြီး အေးချမ်းလွန်းတဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မယ်လိုဒီကတော့ လက်ရှိမှာ ချစ်ရတဲ့ သားလေးရယ်ခင်ပွန်းရယ်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။ လတ်တလောမှာတော့ မယ်လိုဒီက ငယ်ငယ်လေးနဲ့ ဘာသာတရားအရမ်းသိပြီး လိမ္မာလွန်းတဲ့ သားလေးရဲ့ အနာဂါတ်အကြောင်းတွေကို တွေးရင်း သူမရဲ့စိတ်ကူးတွေကို လူမှုကွန်ယက်မှာဝေမျှပေးထားတာတွေ့ရပါတယ်။ မယ်လိုဒီရဲ့ သားလေး သိဒ္ဓိစစ်ကတော့ အမေနဲ့တူလို့ အရမ်းကိုချောပြီး လိမ္မာသူလေးမို့ ပရိသတ်တွေက အရမ်းချစ်ကြတာပါနော်။
ချစ်ပရိသတ်တွေအတွက် သားလိမ္မာလေးကို ပိုင်ဆိုင်ထားလို့ ပျော်နေတဲ့ မယ်လိုဒီရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
မယ်လိုဒီကတော့ “မေမေ့အချစ်ကလေး ကြီးလာရင် ဘာလုပ်မှာလဲမေးတာ ဆရာဝန်လုပ်မှာတဲ့ ဘုန်းကြီးရောဝတ်မှာလား မေးတော့ ဝတ်မယ်တဲ့ ဘယ်လောက်ကြာကြာဝတ်မှာလဲမေးတော့ ခဏတဲ့ ကြော်ငြာတွေ မေမေ လက်ခံရမှာလား သားရိုက်မှာလား မရိုက်ဘူးလား မေးတော့ ရိုက်မယ်လက်ခံပါတဲ့ မိဘနေရာရောက်တော့ သားသမီးအလိုမတူရင် ကြော်ငြာတောင် လက်မခံရဲဘူး သားရဲ့သဘောထား လေးစားသမူ့နဲ့မေးရသေးတယ် (ဒါတောင် ၄နှစ်ကျော်လေးဘဲရှိသေးတာ)မေမေကတော့ သားလေး သားလေးကို သာသနာ့ဘောင်ထဲမှာ နေစေချင်တဲ့ရည်ရွယ်ချက်ကတော့ ဘယ်တော့မှမပျောက်သွားပါဘူး ဒါပေမယ့် သားဖြစ်ချင်တာကိုဘဲ အကောင်းဆုံး ပံ့ပိုးသွားမှာပါမေမေရဲ့ချစ်ခြင်းမေတ္တာက သားလေးအတွက် အပူမီးမဖြစ်စေရအောင် ချစ်ပါမယ်
သားလေး ချစ်ရတဲ့သူရှိလာရင်လည်း မေမေအချစ်ကြောင့် သားချစ်ရတဲ့သူလည်းမေမေ့ကြောင့်မပူလောင်စေရပါဘူးမေမေ ပေးနိုင်တာ ချစ်ခြင်းမေတ္တာ သားလေး ပြန်ပေးရမှာက အသိပညာ အတတ်ပညာပြည့်စုံတဲ့အမျိုးကောင်းသားလေး လူပီသကိုယ်ချင်းစာတရားရှိတဲ့ယောက်ျားကောင်းအဖြစ်ရှိပေးရမှာ သားကိုချစ်ခင်သူတိုင်း သားနဲ့ပတ်သက်မိသူတိုင်း စိတ်ချမ်းသာကြပါစေ ကောင်းမွန်သောအရာတွေသာဝေမျှနိုင်တဲ့ယောက်ျားကောင်းဖြစ်ပါစေ မေမေရေးတဲ့စာတွေ သားလေးတနေ့ပြန်ဖတ်ပြီး ကြည်နူးစွာပြုံးနိုင်ပါစေ💐” ဆိုပြီး သားလေးအကြောင်းကို ကြည်နူးစွာနဲ့ လူမှုကွန်ယက်ပေါ်မှာဝေမျှပေးထားတာပါ။
သားလေးအကြောင်းကို တစိမ့်စိမ့်တွေးရင်း ကြည်နူးနေတဲ့ မေမေ မယ်လိုဒီကတော့ အရမ်းကို ချစ်တတ်လွန်းတဲ့ မေမေပါပဲ။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ တစ်နေ့တစ်ခြား ပိုပိုပြီးလှလာတဲ့ မယ်လိုဒီကတော့ လတ်တလောမှာ သားလေးကို ထိန်းရင်းအနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း အရမ်းကို လိမ္မာလွန်းတဲ့ မယ်လိုဒီရဲ့သားသားလေးကိုချစ်ရင်Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit-မိုမိုလေး