ကျောက်ကပ်အလှူရှင် ပေါ်ပေါက်လာပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်

အနုပညာ

ဟာသသရုပ်ဆောင် ကစ်ကစ် ကျောက်ကပ်အစားထိုးကုသနိုင်ဖို့အတွက် အလှူရှင်ထပ်မံတွေ့ရှိ ဖြစ်ပေမယ့် သေချာတဲ့ အခြေအနေတစ်ခုရောက်မှသာ ပရိသတ်ကို အသိပေးသွားမယ်လို့ သရုပ်ဆောင်ခင်သဇင်ကပြောပါတယ်။

ဟာသ သရုပ်ဆောင် ကစ်ကစ်က လက်ရှိမှာတော့ ပုံမှန် ကျောက်ကပ်ဆေးကာ ဆေးကုသမှုခံယူနေရတာဖြစ်ပြီး ယခင်ကထက်ကျန်းမာရေးအခြေအနေကောင်းမွန်လာတယ်ဆိုပေမဲ့ ကျောက်ကပ်အစားထိုးကုသနိုင်စေဖို့အတွက် အလှူရှင်တွေကို စောင့်မျှော်နေရတယ်လို့ခင်သဇင်ကပြောပြခဲ့ပါတယ်။

Image may contain: 2 people, people smiling, people sitting

“မကစ်ကျန်းမာရေးက အမြဲရင်တမမနဲ့ စောင့်ကြည့်နေ ရတာပါ။ အဓိကအဲဒီရောဂါက သူ့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ အများကြီးသက်ဆိုင်နေတဲ့အတွက် အကောင်းဆုံးတော့ အားပေးနေတယ်။ မကစ်အတွက်လည်း အလှူရှင် ကူပြီးတော့ ရှာပေးနေတယ်။ ကံစပ်တယ်ပဲပြောရမလား။ အလှူရှင်ထပ်တွေ့တယ်ပေါ့။ ဒါပေမဲ့ သေချာတယ် ဆိုရင်တော့ ပြောပြမှာပါ။ အလှူရှင်ကတော့ အမည်မဖော် လိုဘူးဆိုပြီးတောင်းဆိုထားတယ်။ တကယ်လှူဖြစ် တယ်။ သေချာတယ်ဆိုရင်တော့ ပြောပြမှာပါ” လို့ ပြောပါ တယ်။

Image may contain: 1 person

သရုပ်ဆောင်ကစ်ကစ်ရဲ့ ကျန်းမာရေးအတွက် ငွေကြေးက အဓိက လိုအပ်တယ်ဆိုပေမဲ့လည်း ငွေကြေးထက် အမှန် တကယ်ကူညီပေးနိုင်သူကိုသာ လိုအပ်တယ်လို့ ကစ်ကစ်ရဲ့ကျန်းမာရေးကို အနီးကပ်ကူညီပေးနေသူ ခင်သဇင်က ဆက်လက်ပြောပြခဲ့ပါတယ်။

“သဇင်က အခုငွေကြေးအနေနဲ့တော့ အလှူရှင်မဖိတ်ခေါ်တော့ပါဘူးရှင်။ ကုသပေးနိုင်မယ့် ဟာမျိုးကိုပဲ အလှူခံတော့မယ်။ ငွေကြေးဆိုလို့ရှိရင် ရရင် ရသလောက် မလောက်ဖြစ်နေမှာစိုးလို့လေ။ အဲဒါကြောင့်မို့ သဇင့် အနေနဲ့က ငွေကြေးအလှူမခံတော့ပါဘူး။ ငွေကြေးအစား တစ်ခုခုကို လုပ်ပေးပါမယ်ဆိုတာမျိုးပါ။ ဥပမာ ကျောက်ကပ် ဆေးရမယ်ဆိုရင်လည်း ငွေသား လာလှူတာမျိုးမဟုတ်ဘဲနဲ့ ကျောက်ကပ်ဆေးရတဲ့ ကုန်ကျ စရိတ်အတိုင်း ရှင်းပေးတာမျိုးပါ” ဆိုပြီး ပြောပါတယ်။

Image may contain: 1 person, selfie

သရုပ်ဆောင် ခင်သဇင် က ကစ်ကစ် နာမကျန်းဖြစ်ပြီး ဆေးရုံတက် ဆေးကုသမှု ခံယူရတဲ့အချိန်ကတည်းက ကျန်းမားရေးကိစ္စအ၀၀ကို ကူညီဆောင်ရွက်ပေးခဲ့သူတစ်ယောက် ဖြစ်ပြီး လက်ရှိအချိန်ထိလည်း ကျန်းမာရေးအတွက် ငွေရေးကြေးရေးမှ အစ ကျောက်ကပ် အလှူရှင် ရရှိ ဖို့ ကူညီပေးနေတယ်လို့ သိရပါတယ်။

Credit-အကုန်သိ