ဈေးဝယ်ထွက်တဲ့မိန်းမနောက် အထုတ်လိုက်ဆွဲရင်း ကို့ယို့ကားယားဖြစ်ခဲ့ရတဲ့ ရွှေထူး

အနုပညာ

လူငယ်ကြိုက်တေးသံရှင်တစ်ဦးဖြစ်တဲ့ ရွှေထူးက အိမ်ထောင်ကျပြီးနောက်ပိုင်း ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ပိုမိုခံလာရတာ ဖြစ်ပါတယ်။ ရွှေထူးက နိုင်ငံကျော် မင်းသမီးချောလေး ရွှေမှုံရတီနဲ့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေက နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်လွန်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီရဲ့ အိမ်ထောင်ရေးလေးကို အားကျနေကြတာ ဖြစ်ပါတယ်။


ရွှေထူးက သူ့ထက် အသက်ငယ်ရွယ်ပြီး အချွဲပိုလွန်းတဲ့ ဇနီးလေး ရွှေမှုံရတီ ကို ပိုင်ဆိုင်ထားတာမို့ ကလေးလေးတစ်ယောက်လို ဂရုစိုက်ကြင်နာနေရတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ရွှေမှုံရတီက သူမရဲ့ ခင်ပွန်း ရွှေထူးရဲ့ပုံကို ဆေးထိုးလိုက်တာကို တွေ့ရပါတယ်။ ရွှေထူးက ဈေးဝယ်ထွက်တဲ့ ဇနီးလေးနောက် အထုတ်လိုက်ဆွဲပေးရင်း ကို့ယို့ကားယားဖြစ်နေတာကို ရွှေမှုံရတီက မိမိရရ မှတ်တမ်းတင်ထားခဲ့ပါတယ်။

မိန်းမဝယ်လာတဲ့ အထုတ်တွေနဲ့ ဥးထုပ်ကြီးဆောင်းပြီး ဂေါ်နေတဲ့ ရွှေထူး 😜


ရွှေထူးက လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုရိုက်ကူးနေပြီး အရင်ကထက် အလုပ်တွေ နှစ်ဆပိုလာပေမယ့် ချစ်ရတဲ့ ဇနီးလေးကိုတော့ အချိန်ပေးဂရုစိုက်သူ ဖြစ်ပါတယ်။


ရွှေထူးနဲ့ ရွှေမှုံရတီကတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဆေးထိုးရင်း စနောက်ကျီဆယ်လေ့ရှိသူတွေ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။မိုမိုလေး