ကျောင်းသွားရမှာမို့လို့ ကားစီးရင်းအပျော်ကြီးပျော်နေတဲ့ ဖေဖေမြင့်မြတ်ရဲ့သားချောလေး မြတ်သူ

အနုပညာ

သရုပ်ဆောင် မင်းသားချော မြင့်မြတ်ကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးရဲ့ချစ်ခြင်းမေတ္တာတွေကို ရရှိထားတဲ့ မြင့်မြတ်က ပရိသတ်အပေါ်မှာလေးစားမှုရှိပြီး ဖော်ဖော်ရွေရွေဆက်ဆံတတ်တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း မြင့်မြတ်က ချစ်ဇနီးချောအပြင် ချစ်စရာကောင်းတဲ့ သားလေးကိုပါ ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။

မြင့်မြတ်ရဲ့သား မြတ်သူလေးကိုတော့ ပရိသတ်တွေအားလုံးက ဂျူနီယာမြင့်မြတ်လို့လည်း ခေါ်ကြသလို မြင့်မြတ်ပေါက်စလေးလို့လည်း ချစ်စနိုးခေါ်ကြတာ ဖြစ်ပါတယ်။ ပါးဖောင်းဖောင်းလေးနှစ်ဖက်နဲ့ ဖိုးဝရုပ်လေးလို ချစ်ဖို့ကောင်းတဲ့ မြင့်မြတ်သားလေးက တစ်နေ့တစ်ခြားကြီးပြင်းလာပြီလည်း ဖြစ်ပါတယ်။ အခုလည်း မြတ်သူလေးက ကျောင်းသွားရမှာမို့လို့ အပျော်ကြီးပျော်နေတာလေးကလည်း ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။

မြင့်မြတ်ရဲ့ချစ်တပည့်ဖြစ်တဲ့ မြတ်ဝေထွန်းက ” Now ကျောင်းသွားရလို့ ပျော်နေတဲ့ချစ်တုန်းကြီးမြတ်သူ ” ဆိုပြီးသားလေးရဲ့ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ သွားလေးတွေပေါ်အောင် ပြုံးရယ်နေတဲ့ မြင့်မြတ်ရဲ့သားလေးက အရမ်းကိုအသည်းယားစရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မြင့်မြတ်ရဲ့သားလေး ဂျူနီယာမြင့်မြတ်ရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။