ကျောင်းမှာ သမီး​လေးက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဒေါ်​အောင်ဆန်းစုကြည်အကြောင်း presentation လုပ်ခဲ့လို့ ဝမ်းသာနေတဲ့ လူမင်း

အနုပညာ

သရုပ်ဆောင် လူမင်း ကိုတော့ မြန်မာပရိသတ်များက သိရှိကြမှာဖြစ်ပါတယ်။ သူ့ရဲ့သရုပ်ဆောင်ကောင်းမှုတွေကြောင့်လည်း ပရိသတ်က တခဲနက်အားပေးခဲ့ခြင်းဖြစ်ပါတယ်။ သူဟာ အနုပညာအလုပ်တွေကိုသာ ထူးချွန်သည်သာမဟုတ်ပဲနဲ့ ပါတီအရေးဆောင်ရွက်ချက်တွေမှာလည်း ထူးချွန်ပြောင်မြောက်သူတစ်ဦးလည်းဖြစ်ပါတယ်။

Image may contain: 2 people, people standing

Image may contain: 1 person

လူမင်းကိုယ်တိုင် ဦးစီးပါဝင်ခဲ့တဲ့ “ကဏ္ဍအသီးသီးမှာ ကျွမ်းကျင်တဲ့ ပညာတတ်တွေချည်းပဲဆိုတဲ့ ” ရုပ်သံဇာတ်ဝင်ခန်းလေးဟာလည်း ယနေ့တိုင် ပရိသတ်အကြားမှာ ရေပန်းစား နေဆဲဖြစ်ပါတယ်။လတ်တလောမှာတော့ သရုပ်ဆောင် လူမင်းတစ်ယောက်ဟာ ဗိုလ်ချုပ်ရုပ်ရှင်ကို ၉ လခန့်နဲ့ အပြီးသတ် ရိုက်ကူးဖို့ ကြိုးစားနေတာဖြစ်ပေမယ့် သူ့ရဲ့ မိသားစုကိုလည်း အချိန်ပေးချစ်ခင်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။

လတ်တလောမှာတော့သူ့ရဲ့ သမီးလေးဟာ မိဘတွေရဲ့ တိုက်တွန်းမှုကြောင့်မဟုတ်ပဲနဲ့ ကျောင်းက ပြုလုပ်တဲ့ သင်ခန်းစာမှာ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို Presentation ပြုလုပ်ခဲ့တာကြောင့် သူ့အနေနဲ့ အရမ်းပဲ ဝမ်းသာပြီး ကျေနပ်နေမိတယ်လို့ ဖော်ပြထားပါတယ်။သရုပ်ဆောင်လူမင်းဟာ ချစ်ခင်စရာ မိသားစုကို ပိုင်ဆိုင်ထားသူဖြစ်ပြီးတော့ သားတစ်ယောက် သမီးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတဲ့ ဖခင်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့သားသမီးတွေဟာ လိမ်မာလွန်းပြီး ဘာသာတရားလည်း ကိုင်းရှိုင်းသူတွေဖြစ်တယ်လို့သိရှိရပါတယ်။

Image may contain: 1 person, smiling

Credit-SYL