“ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ နန်းဆုနဲ့ G-fatt တို့ရဲ့အချစ်ရေး”

အနုပညာ

နန်းဆုရတီစိုးကတော့ ကလေးလေးတစ်ယောက်လို နုဖတ်တဲ့အသားအရည်နဲ့ သူများနဲ့မတူကွဲပြားတဲ့ အပြင်အဆင်ကြောင့် ကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်နယ်ပယ်မှာသာမက ဂီတဘက်မှာပါ လျှောက်လှမ်းနေသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ “ရူးအောင်ချစ်ရသူ”သီချင်းကလည်း ပရိသတ်ကြားမှာရေပန်းစားခဲ့တာဖြစ်ပါတယ်။ မကြာသေးမီက ထွက်ရှိခဲ့တဲ့ “သေလို့ရတယ်”သီချင်းဟာလည်း နန်းဆုရဲ့စိတ်ခံစားချက်ကို ထင်ဟပ်ပေါ်လွင်စေတဲ့ သီချင်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။

နန်းဆုရတီစိုးနဲ့ G-fatt ကတော့ ပရိသတ်တွေလေးစားအားကျရတဲ့ အတွဲတွေထဲမှာ တစ်တွဲအပါအဝင်ဖြစ်ပါတယ်။ သူမရဲ့ “ရူးအောင်ချစ်ရသူ”သီချင်းမှာပါ နှစ်ယောက်တူတူလိုက်ဖက်ညီစွာသရုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် ချစ်သူသက်တမ်း နှစ်နှစ်ခွဲကျော်ရှိလာပြီးနောက်ပိုင်းမှာ ပြသနာအချို့ရှိလာတာဖြစ်တဲ့အတွက် ပြတ်စဲဖို့စဉ်းစားနေတဲ့အနေအထားမှာရှိနေပြီး တရားဝင်ပြတ်စဲကြောင်းကိုတော့ ပရိသတ်ကိုထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

Image may contain: 1 person, standing, sky and outdoor

အရင်တုန်းက နှစ်ယောက်ပေါင်းအတွဲပုံတွေ တွေ့ရပေမယ့် နောက်ပိုင်းမှာ မတွေ့ရတော့တဲ့အပြင် နန်းဆုရဲ့ပို့စ်တချို့ကြောင့် ပရိသတ်တွေ စိုးရိမ်နေကြရတာဖြစ်ပါတယ်။ တစ်ယောက်ထဲပုံတွေပဲ တင်ဖြစ်တော့တဲ့နောက်ပိုင်း နှစ်ယောက်လုံးကို ချစ်တဲ့ပရိသတ်တချို့ရဲ့ “မမနဲ့ကိုဂျီဖတ်တို့ရဲ့အတွဲပုံလေးတွေ မြင်ချင်တယ်”ဆိုပြီး တောင်းဆိုမှုတွေရှိနေတာဖြစ်ပါတယ်။ကိုယ်ချစ်တဲ့ အနုပညာရှင်တွေပြတ်စဲတာ ဘယ်သူကမြင်ချင်မလဲနော်။နန်းဆုနဲ့ ဂျီဖတ်ကိုချစ်တဲ့ ပရိသတ်ကြီးရေ ပြန်အဆင်ပြေစေဖို့ ဆုတောင်းပေးလိုက်ကြရအောင်နော်။

Image may contain: 1 person, closeup and outdoor
Source – Nansu Yati Soe