သူမရဲ့ ကလေးတွေနဲ့ BOX 88 ရုပ်ရှင် ကားကြီး VIP Showကို တက်ရောက်ခဲ့တဲ့ ပရဟိတ မင်းသမီးလေး ခိုင်နှင်းဝေ

အနုပညာ

နိုင်ငံကျော်သရုပ်ဆောင်ခိုင်နှင်းဝေ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေက သူမဦးဆောင် တဲ့ ပရဟိတအဖွဲ့ လေးနဲ့ ပြည်သူလူထု အကျိုး မရှိဆင်းရဲသားတွေ အတွက် ပရဟိတအလှူများစွာကို လုပ်ကိုင်းနိုင်တဲ့ စံပြမင်းသမီးတစ်ဦး ဆိုလည်း မမှားပါဘူး ။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေ အတွက် ခိုင်နှင်းဝေက သူ့ရဲ့ ချစ်စရာကောင်းတဲ့ ကလေးတွေနဲ့ BOX 88 ရုပ်ရှင် ကားကြီး VIP Showကို တက်ရောက်ခဲ့တဲ့ အကြောင်းပြောထားတာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခိုင်နှင်းဝေက ခုဆိုရင် မိဘမဲ့ ကလေးများကိုလည်း ပြုစုစောင့်ရှောက်တဲ့ မွန်မြတ်တဲ့ အလုပ်တွေကို လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ခိုင်နှင်းဝေက သူ့ရဲ့ မွေးစားထားတဲ့ သမီးလေးကို သဲသဲလှုပ်ချစ်နေတာပါ။ ကိုယ်တိုင်မွေးထားတာ မဟုတ်ပေမယ့် သူ့ရဲ့ သွေးသားအရင်းလိုပဲ မိခင်မေတ္တာအပြည့်အဝ ပေးပြီး သမီးလေးကို ပြုစုစောင့်ရှောက်နေတာပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ သွေးသားအရင်မဟုတ်ပေမယ့် သူမရဲ့ ဂေဟာ ရောက်လာတဲ့ သားသမီးတွေကို မိခင်အရင်းလို ပြုစုနေတဲ့ ခိုင်နှင်းဝေ ရဲ့ စိတ်ဓာတ်လေးက လေးစားလောက်ပါတယ်။

ဒီတစ်ခါမှာလည်း ခိုင်နှင်းဝေ ” 7 Sense Film Production မှ ရိုက်ကူးတင်ဆက်တဲ့ သက်ငယ်မုဒိန်း နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး ပညာပေး ဇာတ်ကားဖြစ်တဲ့ BOX 88 ရုပ်ရှင် ကားကြီး VIP Show မှာ ကျမနှင့် ကျမ ကလေးငယ်များအား သေချာ ဖိတ်ကြားခဲ့ပြီး ကလေးငယ်များအတွက် အလှူငွေ ၅သိန်းကျပ်တိတိကို လှူဒါန်းပေးခဲ့တဲ့ အတွက် ကျမ နှင့် သားငယ်သမီးငယ် များမှ ကျေးဇူးအထူးတင်ရှိပါတယ်ရှင် 🙏🙏🙏ပထမဆုံး အကြိမ် ကျမ သားသမီးတွေ နဲ့ တူတူ ပွဲတက်ခဲ့ ရလို့လည်း အမှတ်တရ ဖြစ်သလို လူအများကြီးက ကျမ သမီးလေး နဲ့ သားသမီးတွေကို ချစ်မြတ်နိုးပြီး ဝန်းရံပေးနေကြလို့ လည်း တခါမှ မခံစားဖူးတဲ့ ပီတိနဲ့ နွေးထွေးမှုကို ခံစား လိုက် ရပါတယ် ❤❤Box 88 ဇာတ်ကားကြီး လည်း အများကြီး အောင်မြင်မှုတွေ ရရှိပါစေရှင် 🙏🙏🙏” လို့ ပြောထားပါတယ်။

ခိုင်နှင်းဝေက သူမရဲ့ ကလေးတွေနဲ့ BOX 88 ရုပ်ရှင် ကားကြီး VIP Showကို တက်ရောက်ခွင့်ရလို့ ပျော်ရွှင်နေတာပါ။

ပရိသတ်ကြီးလည်း ခိုင်နှင်းဝေနဲ့ တို့ရဲ့ ပုံရိပ်ကလေးတွေကို သဘောကျလိမ့်မယ် ထင်ပါတယ်။ momolay