ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို အပြည့်အဝရရှိထားတဲ့ အဆိုတော် ဂရေဟမ်ရဲ့ သမီးကြီး ပန်းရောင်ခြယ်လေးကတော့ ဖခင်ဖြစ်သူနဲ့တူလို့ အနုပညာအရည်အချင်း အပြည့်အဝ ရှိသူတစ်ဉီးပါ။ လတ်တလောမှာတော့ ပန်းရောင်လေးက ချစ်ရတဲ့ ဖေဖေနဲ့ သီချင်းတွေ အတူဆိုရင်း ပွဲတက်ခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပန်းရောင်ခြယ်လေးကတော့ ဖခင်နဲ့တူလို့ အသံကောင်းတဲ့အပြင်၊ သရုပ်ဆောင်လည်းကောင်းတာကြောင့် ပရိသတ်တွေက အရမ်းချစ်ကြတာပါနော်။
ချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်စရာကောင်းတဲ့ ဂရေဟမ်နဲ့ ပန်းရောင်ခြယ်တို့သားအဖတွေရဲ့ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ပန်းရောင်ခြယ်ကတော့ “Daddy နဲ့ အမှတ်တရပွဲလေး 👨👧💙 ဒီပွဲမတိုင်ခင် အသံပြန်ထွက်လာလို့ ကံကောင်း။ တကယ်ပျော်ခဲ့ရတဲ့ညပါ၊ Daddy ရဲ့ သီချင်းတွေလဲ တစ်ဝကြီးနားထောင်၊ လိုက်ဆိုခဲ့ရ 🎵” ဆိုပြီး ချစ်ဖေဖေနဲ့ သီချင်းဆိုခဲ့တဲ့ အမှတ်တရပွဲလေးက ပုံရိပ်တစ်ချို့ကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။
ဂရေဟမ်ကတော့ အခုအချိန်အထိကို နုပျိုလန်းဆန်းနေတုန်းပဲနော်။
ပန်းရောင်ခြယ်ကတော့ လတ်တလောမှာ သီချင်းတွေဆက်တိုက်ပြုလုပ်ဖြစ်နေတာပါ။ ပန်းရောင်ခြယ် အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ “လိပ်ပြာ” ဇာတ်လမ်းတွဲကြီးကလည်း ရုပ်သံလိုင်းတွေမှာ ပြသနေပြီပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း ဖခင်ဖြစ်သူနဲ့အတူ ပွဲတက်ရင်း သီချင်းတွေဆိုခဲ့တဲ့ အရုပ်မလေး ပန်းရောင်လေးကိုချစ်ရင်share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit-မိုမိုလေး