မြန်မာပြည်သူတွေကို ဗလာမပါ ပိုက်ဆံကံစမ်းမဲတွေ ဖောက်ပေးနေတဲ့ Sinon

အနုပညာ

မြန်မာပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ရရှိထားတဲ့ ဖိလစ်ပိုင်မော်ဒယ်လ် Sinon Loresca ဟာ လတ်တလောမှာ မြန်မာပြည်ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်မြန်မာပြည်ကို ချစ်လွန်းတာကြောင့် မြန်မာပြည်ကို ပြန်လာခဲ့ပြီး မွေးနေ့ကိုတောင် မြန်မာပြည်က ပရိသတ်တွေနဲ့ အတူလုပ်မယ်လို့ Sinon က ပြောထားတာပါ

မြန်မာပြည်မှာနေပြီး အလှူအတန်းတွေလုပ် ပရဟိတတွေလုပ်နေတဲ့ Sinon ဟာ ခုလည်းပဲ သူ့ရဲ့ မွေးနေ့အကြို Birthday Games အဖြစ် ရန်ကုန်မြို့ထဲ လျှောက်သွားရင်း လူတွေကို ဗလာမပါ ပိုက်ဆံ ကံစမ်းမဲတွေ ဖောက်ပေးနေတာဖြစ်ပါတယ် အဲလို ကံစမ်းမဲတွေ ဖောက်ပေးနေတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေသိအောင် သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ မျှဝေထားပါသေးတယ်

Sinon နဲ့ တွေ့ခဲ့ရတဲ့ လူတိုင်းဟာ ပြုံးပျော်နေကြတာကိုတွေ့ရပြီး အဲဒီဗီဒီယိုလေးကို ကြည့်ရှုသူတွေဆီကိုလည်း အပျော်တွေ ကူးစက်နေတာဖြစ်ပါတယ် Sinon က ပြောခဲ့ရာမှာတော့ နောက်နေ့တွေမှာလည်း ယခုလိုပဲ ပရဟိတအလှူတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်ကဲ ပရိသတ်ကြီးတို့လည်း

ရန်ကုန်မြို့ထဲ သွားတုန်း လမ်းမှာ Sinon နဲ့ တွေ့ရင် ကံစမ်းမဲသွားနှိုက်လို့ ရမယ်ထင်ပါတယ်နော် အောက်မှာ ဗလာမပါ ပိုက်ဆံကံစမ်းမဲတွေ ဖောက်ပေးနေတဲ့ Sinon ရဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်

Image may contain: 1 person, smiling, standing

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ