ရှေးခေတ်ဖက်ရှင်အပြင်အဆင်လေးနဲ့လှပကျော့ရှင်းနေတဲ့ မေတိုးခိုင်

အနုပညာ

မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးချောလေး အူဝဲရဲ့အချစ်ရဆုံးတူမချောလေးဖြစ်ရုံသာမကဘဲ အူဝဲရဲ့အမြွှာညီအစ်မလို့တောင် သတ်မှတ်ခြင်းခံထားရသူလေးကတော့ သရုပ်ဆောင် မေတိုးခိုင်ပါ။ သူမဟာ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ရွှေကြိုအဖြစ် ဆောင်ရွက်ရာမှတစ်ဆင့် အနုပညာလောကထဲမှာ နာမည်ရလာတာပါ။ သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးများတွင်လည်း ပါဝင်သရုပ်ဆောင်ရိုက်ကူးနေရတာပါ။


လတ်တလောမှာလည်း ခရီးတွေသွားလိုက် ကြော်ငြာတွေရိုက်လိုက်နဲ့ မနားရအောင်ကို အလုပ်တွေများပြားနေတာပါ။ မကြာသေးခင်ကလည်း အဒေါ်ဖြစ်သူနဲ့ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားလည်း ရုံတင်ပြသခဲ့တာပါ။ လွန်ခဲ့တဲ့နာရီပိုင်းလောက်ကလည်း သူမရဲ့ Facebook Page မှာ ရှေးခေတ်အပြင်အဆင်နဲ့ပုံရိပ်လေးတွေတင်ထားတာပါ။

” ငယ်ငယ်က အဖေက ကျွန်မတို့ညီအမတွေကို မော်တော်ဆိုင်ကယ်ပေါ်တင်ပြီး ဒီလက်ဖက်ရည် ဆိုင်လေးကိုခေါ်သွားလေ့ရှိတယ်. ကလေးတွေဆိုတော့ လက်ဖက်ရည်အများကြီးမသောက်စေချင်တော့ပန်းကန်ပြားလေးထဲထည့်ပြီး ကျွန်မတို့ကိုတိုက်တယ်. အမြဲမနက်ဆို ဖောက်သည်တွေသတင်းဂျာနယ်တွေရောင်းတဲ့သူတွေနဲ့ စည်ကားလေ့ရှိတဲ့ ဒီဆိုင်လေး. ဒီဆိုင်လေးကြောင့် လက်ဖက်ရည်ဆိုင်တွေကို ချစ်တတ်ခဲ့တယ်. လက်ဖက်ရည်ကို အသည်းခိုက်အောင်ကြိုက်တတ်ခဲ့တယ်. ခုချိန်ထိ လက်ဖက်ရည်ဆိုင်တွေသွားတိုင်း ဂျာနယ်ရောင်းတဲ့သူတွေလိုက်ရှာ နေမိတုန်း.. ဒီဆိုင်လေးကို သွားတိုင်း ငယ်ဘဝကိုလွမ်းတယ်. အပူအပင်ဆိုလို့ အဖေ မခေါ်သွားမှာကိုပဲ စိုးရိမ်တဲ့ အချိန်တွေကိုလွမ်းတယ်. ဂျာနယ်ဦးလေးကြီးတွေဆီက မှုခင်းဂျာနယ်ပါလားမေးရတာလွမ်းတယ်.. အခုချိန်ထိ အများကြီးမပြုပြင်ထားပဲ အရင်တုန်းကပုံလေးအတိုင်း ရှိနေတဲ့

ဒီဆိုင်လေးကိုလည်းချစ်တယ်.ဆိုင်နမည်က “အဘွားကြီးနှင့်သားများ” တဲ့ အမှတ်တရများစွာ လက်ဖက်ရည်ဆိုင်လေးနဲ့ အမှတ်တရ ပုံများ.Photo by Ria Bo Vich” ဆိုပြီး ရေးသားဝေမျှထားတာဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။