သခင်ကြီးနဲ့ငါးပိရည်တို့စရာ ရုပ်ရှင်ဇာတ်ကားကြီးမှ သရုပ်ဆောင်တွေကို ချီးကျူးစကားဆိုလိုက်တဲ့ ပိုင်ဖြိုးသု

အနုပညာ

မီ ဇာတ်ရုပ် နဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီး နေတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ဟာဆိုရင် သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် သူမကို ချစ်တဲ့ ပရိသတ်အခိုင်အမာရှိနေတာပါ။ ပိုင်ဖြိုးသုက ချစ်ရတဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီး နဲ့ အနုပညာအလုပ်တွေကြိုးစားလုပ်ရင်း ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိသားစု ဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ ပိုင်ဖြိုးသုက သခင်ကြီးနဲ့ငါးပိရည်တို့စရာ ရုပ်ရှင်ဇာတ်ကားကြီးမှ သရုပ်ဆောင်တွေ ကို ချီးကျူးစကားဆိုလိုက်တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုင်ဖြိုးသု က ” Congratulations ပါ သခင်ကြီးနဲ့ငါးပိရည်တို့စရာ ရုပ်ရှင်အဖွဲ့သားများ
သုသုကပညာရှင်မဟုတ်တော့ ကျန်တာတွေနားမလည်ပါဘူး ဒါပေမယ့် ကိုယ်တိုင်ကသရုပ်ဆောင်ဆိုတော့ချစ်သော မသက်မွန် ကိုတော့တကယ်လေးစားပါတယ် 😍ဇာတ်သိမ်းခန်းဟာတော်တော်အချိန်အကြာကြီးယူရိုက်ခဲ့ရမှာဆိုတော့ မသက်မွန်လူရော စိတ်ရောဘယ်လောက်ထိပင်ပန်းခဲ့မယ်ဆိုတာတွေးကြည့်ရုံနဲ့ အသက်ရှူပါကြပ်ပါတယ် 😬သုသုကိုယ်တိုင်ကလည်းအိမ်ကချီးထုတ်ညီမနဥမနဲ့က အရမ်းcloseဖြစ်တာဆိုတော့ အမကြီးကညီမလေးကိုချော့တစ်ခါခြောက်တစ်လှည့်မေးတဲ့ အခန်းလေးဆို အရမ်းငိုချင်တာပဲ ရွှေရွှေ(ရွှေသမီး) drama ချိုးသွားတဲ့အချိန်ကစပြီး လုပ်သွားတဲ့အမူအရာတွေအရမ်းမိုက် 😍😍😍နေရဲကိုတော့ ဇာတ်သိမ်းခန်းအတွက်လေးစားသွားတယ် သရုပ်‌ဆောင်တစ်ယောက်ကတော်ရုံရူးသွပ်မှုနဲ့တော့ အဲ့ဒီလောက်ကြီးအပင်ပန်းမခံနိုင်ဘူးဆိုတာသုသုနားလည်တယ် 😊အားလုံးကို Congratulations ပါလို့ 😍” လို့ ပိုင်ဖြိုးသု က ပြောထားပါတယ်။”


ပိုင်ဖြိုးသု က သခင်ကြီးနဲ့ငါးပိရည်တို့စရာ ရုပ်ရှင်ဇာတ်ကားကြီးမှ သရုပ်ဆောင် တွေဖြစ်တဲ့ သက်မွန်မြင့် ၊ ရွှေသမီး တို့ကို ချီးကျူးထားသလို နေရဲ ကိုလည်း ဇာတ်သိမ်းခန်းအတွက် လေးစားကြောင်းပြောထားပါတယ်။


ပိုင်ဖြိုးသု ပါဝင်သရုပ်ဆောင်ထားတဲ့ ထာဝရနှောင်ကြိုး ” Now &Ever ” ရုပ်ရှင်ဇာတ်ကားက ပရိသတ်တွေကြားမှာ အရမ်းနာမည်ကြီးနေပြီး မကြာခင်မှာ ပြသခွင့်ရတော့မှာပါ။


ပိုင်ဖြိုးသု ပြောပြတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူအထူးတင်ရှိပါတယ်နော်။