စုပေါင်းမဟာဘုံကထိန်ပွဲမှာ လုပ်အားပေးရင်းကလေးတွေနဲ့ပျော်နေခဲ့တဲ့ စေတမန်

အနုပညာ

မင်းသားချောလေးဟိန်းထက်ကိုတော့ စေတမန်အဖြစ်နဲ့ “တတိယမြောက်ဆုံမှတ်” ဇာတ်ကားမှာမြင်တွေ့ခဲ့ရမှာပါ။သူဟာသရုပ်ဆောင်ပီပြင်လှသလို ခန့်ညားချောမောတဲ့ MRTV-4 မင်းသားတစ်လက်ဖြစ်ပါတယ်။ဒါကြောင့် မဒီလေးတွေသဲသဲလှုပ်ဝန်းရံခြင်းခံနေရတဲ့ မင်းသားတွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်နေတာပါ။

ပရိသတ်အသိအမှတ်ပြုမှုကိုရရှိလာပြီဖြစ်တဲ့မင်းသားကတော့ ဇာတ်ကားတွေတစ်ကားပြီးတစ်ကားရိုက်ကူးနေရတာဖြစ်ပြီး မကြာခင်မှာထွက်ရှိလာတော့မဲ့ “လိပ်ပြာနှောင်ကြိုး” ဇာတ်လမ်းတွဲမှာပါဝင်ထားပါသေးတယ်။အောက်တိုဘာလ(၂၇) ရက်နေ့ကတော့ မင်းသားဟိန်းထက်တစ်ယောက် Forever FC ဘောလုံးအသင်းနှင့် The Pure Donors ပရဟိတ အဖွဲ့တို့ပြုလုပ်တဲ့ မဟာဘုံကထိန်ပွဲမှာလုပ်အားပေးခဲ့ပါသေးတယ်။

ဒီဘုံကထိန်ပွဲမှာတော့ လုပ်အားပေးရင်းကလေးတွေနဲ့တွဲပြီး ဓာတ်ပုံရိုက်ကာ ဖေ့ဘွတ်ခ်ပေါ်တင်ခဲ့ပါသေးတယ်။ကလေးတွေနဲ့ပျော်ရွှင်ကြည်နူးနေတဲ့ပုံရိပ်တွေနဲ့အတူ “ကလေးအရမ်းချစ်တယ်” လို့လည်းရေးထားပါသေးတယ်။အပြတ်အသတ်ဝါးတီးဆွဲနေတဲ့ကလေးလေးတွေကြားမှာ လွတ်လပ်ပေါ့ပါးစွာပြုံးရွှင်ရယ်မောနေတဲ့ ဟိန်းထက်ကတော့ တော်တေ်ာလေးကိုပျော်နေပုံပါပဲ။သရုပ်ဆောင်အလုပ်တွေကြိုးစားသလို အချိန်အားရင်လုပ်အားပေးအလုပ်တွေလည်းလုပ်နေပြန်တဲ့ ဟိန်းထက်ကိုတော့ ပရိသတ်တွေကအချစ်ပိုနေရတော့မှာပါနော်…။

Source : HeinHtet