အနေအေးပြီး အရမ်းလိမ္မာတဲ့သားလေး မင်းသန့်မောင်မောင် အကြောင်းပြောပြခဲ့တဲ့ မေသန်းနု

အနုပညာ

ဝါရင့်ဒါရိုက်တာကြီး ဇင်ယော်မောင်မောင်နဲ့ ထပ်ဆင့်အကယ်ဒမီ မေသန်းနုတို့ရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့ မင်းသန့်မောင်မောင်ဟာ လက်ရှိမှာ ကြော်ငြာအချို့နဲ့ ရုပ်ရှင်ဇာတ်လမ်းအချို့ကို ဒါရိုက်တာ တစ်ယောက်အနေနဲ့ရိုက်ကူးနေသူလည်းဖြစ်ပါတယ်။


အင်တာဗျူး မှာတော့ အမေဖြစ်သူမေသန်းနုက မင်းသန့်မောင်မောင်ရဲ့ လိမ္မာပြီးတစ်ကိုယ်တည်း အေးဆေးနေတတ်တဲ့ အကြောင်းနဲ့ အပျော်အပါးကိုလည်း သိပ်မမက် တတ် တဲ့သူဖြစ်ကြောင်းပြောပြခဲ့ပါတယ်။

သူတတ်ထားတဲ့ ပညာနဲ့ ဖခင်ဖြစ်သူရဲ့အလုပ်ကလည်း အံဝင်ခွင်ကျဖြစ်နေတာကြောင့် ဖခင်ရဲ့ပညာကိုဆက်လက်လေ့လာပြီး ဖခင်အနားယူတဲ့အချိန် ဆက်လက်လုပ်ကိုင်စေချင်တယ်လို့လဲ ပြောပြခဲ့ပါတယ်။


မေသန်းနုဟာ ခင်သန်းနုရဲ့ သမီး အနေနဲ့ သင်္ကြန်မိုး ဇာတ်ကားမှာ စတင်သရုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိဇာတ်ကားပေါင်းများစွာရိုက်ကူးနေသူလည်းဖြစ်ပါတယ်။ သားဦးဖြစ်တဲ့ မင်းသန့်မောင်မောင်ကို တော့ ၁၉၉၇ ခုနှစ် ဂျူလိုင်လ ၃ ရက်မှာမွေးဖွားခဲ့ပါတယ်။ပရိသတ်တို့ရော မဆင့်တို့မိသားစုကို အားပေးကြလားဗျ။အဆုံးထိဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ရှိပါတယ်။

Credit-မိုမိုလေး