မြန်မာအိုင်ဒေါကနေ ပထမဆုံး အိမ်ပြန်ထွက်ခွာရသူ ဖြစ်ခဲ့တဲ့ ခြူးစစ်ဟန်

အနုပညာ

Top Finalists ၁၁ ယောက် အပြိုင်ကြဲယှဉ်ပြိုင်ကြရမယ့် ပထမသီတင်းပတ်မှာ တော့ ပြိုင်ပွဲဝင်တွေဟာ သူတို့ကြိုက်နှစ်သက်ရာသီချင်းတွေနဲ့ အစွမ်းကုန်ယှဉ်ပြိုင်ခဲ့ကြ တာ ဖြစ်ပါတယ်။

ဒီနေ့မှာ ခြူးစစ်ဟန်လေးကတော့ ပြိုင်ပွဲကနေ ထွက်ခွာသွားရတဲ့ တစ်ဦးတည်းသောသူ ဖြစ်ခဲ့ပါပြီ၊ သူငိုပြီးသီချင်းဆိုနေတာလေး မြင်ရတော့ အားလုံးလည်း စိတ်မကောင်းဖြစ်ကြရတာပါ၊ သူ့လိုပဲ နောက်အပတ်တွေတိုင်းမှာ တစ်ယောက်စီ ထပ်ပြီး ထွက်ကြရဦးမှာပဲဆိုတော့ ကျန်တဲ့ Top 10 လည်း ပြင်ဆင်ထားရမှာပါပဲနော်

ပရိသတ်ကြီးကလဲ ခြူးစစ်ဟန်အတွက် အားပေးစကားလေးပြောပေးခဲ့ကြပါဦးနော်။