မိသားစုနဲ့အတူ အနားယူနိုင်ဖို့ အမိုက်စား Rooftop တစ်ခုကိုဖန်တီးလိုက်တဲ့ စမိုင်းလ်

အနုပညာ

သရုပ်ဆောင်နဲ့ အဆိုတော်စမိုင်းလ်ဟာဆိုရင် မိသားစုကို အလေးထားသူဖြစ်ပြီး သမီးလေးတွေနဲ့ ခင်ပွန်းဖြစ်သူကို အမြဲလို surprise လေးတွေ ပြုလုပ်ပေးလေ့ရှိသူတစ်ဦးပါ။ အခုလည်း သူမရဲ့ အိမ်ခေါင်မိုးထပ်လေးမှာ အပင်လေးတွေစိမ်းစိုနေအောင် ပြုလုပ်ဖန်တီးထားပြီး မိသားစုရော အိမ်ကိုအလည်လာတဲ့ မိတ်ဆွေသူငယ်ချင်းတွေပါ စိတ်အေးချမ်းပျော်ရွှင်စွာနေနိုင်မယ့် နေရာလေးတစ်ခု ဖန်တီးလိုက်ပြန်ပါတယ်။

Image may contain: 1 person, smiling, closeup

No photo description available.

No photo description available.

သူမရဲ့ အိမ်ခေါင်မိုးထပ်လေးပြင်ဆင်ထားပုံကိုကြည့်ပြီး ပရိသတ်တွေက နိုင်ငံခြားက အပန်းဖြေနေရာတစ်ခု ဒါမှမဟုတ် ပြည်တွင်းမှာ အသစ်ဖွင့်လိုက်တဲ့ အပန်းဖြေနေရာတစ်ခုလို့ ထင်မှတ်ကြပြီး ဒါဘယ်နားမှာလဲလို့ ဝိုင်းမေးကြတာပါ။ ဒါပေမယ့် ဒါဟာ သူမရဲ့ အိမ်ခေါင်မိုးထပ်လေးကို သူမဘာသာ ပြုပြင်ဖန်တီးထားတာလေးပါလို့ စမိုင်းလ်က ပြန်လည်ဖြေဆိုထားပါတယ်။ ချစ်စဖွယ် ဆိုဖာခုံတန်းလေးတွေကရော မြင်လေသမျှ ပတ်ဝန်းကျင်တစ်ခုလုံး အပင်လေးတွေမျိုးစုံနဲ့ စိမ်းစိုနေတာကရော ဒီခေါင်မိုးထပ်လေးရဲ့ အလှကို ပိုပြီးပြည့်စုံသွားစေပါသေးတယ်။ ပုံထဲမှာ မြင်ရတဲ့ ရှုခင်းကလည်း အရမ်းကို မိုက်နေတာပါနော်။

Image may contain: 2 people, people smiling, people standing

No photo description available.

စမိုင်းလ်ရဲ့ သမီးလေးတွေက သူမအမေပြင်ဆင်ဖန်တီးပေးထားတဲ့ ဒီဥယျာဉ်လေးထဲက အရွက်ဖားဖားကြီးတွေကိုကြည့်ပြီး ပုသိမ်ထီးတွေလားလို့တောင် မေးကြသေးတာပါတဲ့။ မေးလည်း မေးချင်လောက်အောင် အရွက်ကြီးတွေက အရမ်းကို လှပနေတာတွေ့ရမှာပါ။ လှေကားထစ်လေးတွေ လျှောက်လမ်းလေးတွေ အနားယူစရာနေရာလေးတွေကို ပြင်ဆင်ထားပုံကလည်း တကယ့်ကို ကဗျာဆန်ဆန်လေးပါပဲ။

No photo description available.

No photo description available.

Image may contain: 4 people, people smiling, people sitting and christmas tree

စမိုင်းလ်ကတော့ သူအသက်ကြီးလာလို့လားမသိဘူး၊ စိမ်းစိမ်းစိုစိုလေးတွေ မြင်ရတာကို ပိုပြီးကြိုက်လာတယ်လို့ ပြောထားပါသေးတယ်။ ကဲ စမိုင်းလ်ရဲ့ အိမ်ခေါင်မိုးထပ်ပြင်ဆင်မှုလေးက ပရိသတ်ကြီးအကြိုက်နဲ့ရော ထပ်တူညီရဲ့လားဆိုတာကြည့်ပေးသွားပါဦး။

Credit-Cele Star