“ထာဝရနှောင်ကြိုး” ကြည့်ပြီး ပိုင်ဖြိုးသုကို အားပေးဝန်းရံခဲ့ကြတဲ့ အနုပညာရှင်များ

အနုပညာ

လူငယ်ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ သုံးကားမြောက် ရုံတင်ဇာတ်ကားကြီးဖြစ်တဲ့ ထာဝရနှောင်ကြိုး (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးက ရိုက်ကူးရေးတွေ ပြုလုပ်စဉ်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ထာဝရနှောင်ကြိုး (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာလ (၃၁) ရက်နေ့မှာ စတင်ပြသခဲ့ပြီး လာရောက် ကြည့်ရှုအားပေးတဲ့ ပရိသတ်တွေ ကြိတ်ကြိတ်တိုး စည်ကားခဲ့ပါတယ်။

နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ ဝတ်မှုံရွှေရည်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ ရန်အောင်၊ ရဲအောင်၊ မင်းဦး၊ ရတနာဗိုလ်၊ ရွှေသမီးတို့ကလည်း “ထာဝရနှောင်ကြိုး” အဖွဲ့သားတွေနဲ့အတူတူ မင်းသမီးချောလေး ပိုင်ဖြိုးသုကို အားပေးဝန်းရံခဲ့ကြတာကို တွေ့ရပါတယ်။

ပရိသတ်တွေအတွက် ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားကြီးကို လူစုံတက်စုံနဲ့ ကြည့်ရှုခဲ့ကြတဲ့ အနုပညာရှင်များရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

ပိုင်ဖြိုးသုကလည်း သူမကို အားပေးချစ်ခင်ကြတဲ့ စီနီယာ အစ်ကို၊ အစ်မတွေနဲ့ ဂျူနီယာ ညီမလေးတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့တာကို ကြည်နူးစရာကောင်းလှပါတယ်။

“ထာဝရနှောင်ကြိုး” (Now & Ever) ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာရောက်ကြည့်ရှုအားပေးတဲ့ ဝါရင့် အနုပညာရှင်တွေကိုယ်တိုင်က အရမ်းကောင်းတယ်လို့ ညွှန်းထားကြတဲ့အတွကိ ပရိသတ်တွေလည်း ဆက်ဆက်အားပေးကြဖို့ မမေ့ပါနဲနော်။

Credit-မိုမိုလေး