အသက်(၃၁) နှစ်ပြည့်မွေးနေ့ကို မျက်ရည်တွေနဲ့ တစ်ယောက်ထဲ ဖြတ်သန်းခဲ့ရတဲ့ Sinon Loresca

အနုပညာ

Sinon Loresca လို့ဆိုလိုက်တာနဲ့ ပရဟိတ နဲ့ အလှူအတန်းကိစ္စတွေမှာ နာမည်ကြီးတဲ့ ဖိလစ်ပိုင် LGBT မော်ဒယ်တစ်ယောက်ကို ပြေးမြင်ကြမှာပါ


King Of Catwalk လို့လည်းတင်စားခံရတဲ့ သူဟာ နိုဝင်ဘာတစ်ရက်နေ့မှာတော့ ၃၁ နှစ်တင်းတင်းပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ Sinon ဟာ ၃၁ နှစ်ပြည့်မွေးနေ့လေးကို တစ်ယောက်တည်း အထီးကျန်စွာ အိမ်ထဲမှာပဲ Cupcake လေးတွေပေါ်မှာ ဖယောင်းတိုင်လေးတွေထွန်းပြီး ဖြတ်သန်းခဲ့တာပါ။

ဒီ Video ဖိုင်လေးထဲမှာ Sinon တစ်ယောက် မျက်ရည်တွေနဲ့ ရစ်ဝိုင်းနေခဲ့ပြီး သူအရမ်းခံစားရတယ်ဆိုတဲ့အကြောင်းရင်ဖွင့်သွားခဲ့ပါတယ် Video လေးကိုအောက်မှာကြည့်ရှူရင်း စိတ်ထားဖြူစင်တဲ့ Sinon အတွက် ဝိုင်းဝန်းဆုတောင်းပေးကြပါအုန်းနော်

Video ကြည့်ရန်

Writer – Magic(Shwe Yaung Lan )