သူငယ်ချင်း ချစ်စနိုးဦးရဲ့မင်္ဂလာဆောင်မှာ သတို့သမီး အရံဝင်လုပ်ပေးခဲ့တဲ့ ခင်လေးနွယ်

အနုပညာ

ရယ်လိုက်ရင် မြင်ရသူတွေရဲ့စိတ်ကိုပါ အေးချမ်းစေတဲ့ ချစ်စရာမင်းသမီးလေး ခင်လေးနွယ်ကတော့ အနုပညာအလုပ်တွေနားထားပေမယ့်လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ရရှိထားသူလေးပါ။ လတ်တလောမှာတော့ ခင်လေးနွယ်က ချစ်ရတဲ့ သူငယ်ချင်းလေး သူငယ်ချင်း ချစ်စနိုးဉီးရဲ့မင်္ဂလာဆောင်မှာ သတို့သမီး အရံဝင်လုပ်ပေးခဲ့တဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ သတို့သမီးအရံလေး ခင်လေးနွယ်ရဲ့ပုံရိပ်တွေကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကိုလှတဲ့ သတို့သမီးအရံလေး ခင်လေးနွယ်ရဲ့အလှပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခင်လေးနွယ်ကတော့ “သူငယ်ချင်း ချစ်စနိုးဦးမင်္ဂလာဆောင်မှာ အရံလေး တစ်ဖြတ်ပေါ့😁😁 ဘယ်တော့လဲလို့ မမေးပါနဲ့ အပျိုကြီးလေးအားငယ်လို့ပါ…” ဆိုပြီး သူမရဲ့ သူငယ်ချင်း ချစ်စနိုးဉီးရဲ့မင်္ဂလာပွဲမှာ သတို့သမီးအရံလုပ်ပေးခဲ့တဲ့ သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

လှရက်​လိုက်​တာ ​ခငျ​လေးရယ်​…

ခင်လေးနွယ်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ နားထားပြီး၊ စီးပွားရေးဘက်ကိုပဲ ဉီးတည်ဖြစ်နေတယ်လို့ သိရပါတယ်။ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ခင်လေးနွယ်ရဲ့အချစ်ရေးကတော့ အခုအချိန်အထိ ငြိမ်သက်နေဆဲပါပဲ။ ချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ သတို့သမီးအရံလေးကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Creidit-မိုမိုလေး