ကျောင်းကပွဲလေးမှာ Baby Shark သီချင်းလေးနဲ့ချစ်စရာကောင်းအောင်ကပြသွားတဲ့ သဉ္ဇာနွယ်ဝင်းရဲ့သားလေး

အနုပညာ

ပရိသတ်ကြီးရေ မင်းသမီးချောလေးသဉ္ဇာနွယ်ဝင်းဟာဆိုရင် သားလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားသလို မကြာတော့မယ့်အချိန်မှာ နောက်ထပ်သမီးလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ရတော့မှာဖြစ်လို့ သားနဲ့သမီးရယ် ချစ်ခင်ပွန်းရယ်နဲ့အတူ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးမှာ နေထိုင်နေတာပဲဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းက သမီးလေးတစ်ယောက်အရမ်းလိုချင်ခဲ့တာကြောင့် အခုဆိုရင်အရမ်းပျော်ရွှင်နေတာဖြစ်ပါတယ်နော်။

သဉ္ဇာနွယ်ဝင်းရဲ့ချစ်ခင်ပွန်းကလည်း သားလေးနဲ့ဇနီးအပေါ်ကို သချောဂရုစိုက်စောင့်ရှောက်ပြီး ချစ်ဇနီးလေးရဲ့မျက်နှာတစ်ချက်မညှိုးအောင် ကြင်နာယုယပေးတဲ့ခင်ပွန်းကောင်းတစ်ယောက်ပါနော်။သဉ္ဇာနွယ်ဝင်းရဲ့သားလေးကလည်း မျက်နှာဝိုင်းဝိုင်းလေးနဲ့အရမ်းချစ်ဖို့ကောင်းပြီး စကားတွေလည်းအရမ်းတတ်တာကြောင့် တစ်အိမ်လုံးရဲ့ဆည်းလည်းလေးဖြစ်ပါတယ်။

Peach Lay က ကျောင်းတတ်နေတဲ့အရွယ်ရောက်နေပြီဖြစ်ကာ ထူးချွန်ထက်မြက်ပြီး ကျောင်းမှာလည်း ဆုတွေရလို့ မေမေသဉ္ဇာနွယ်ဝင်းကဂုဏ်ယူနေရပါတယ်နော်။အခုဆိုရင်လည်း ကျောင်းပွဲမှာ ကပြဖို့အတွက် Baby Shark သီချင်းလေးနဲ့ အိမ်မှာ မေမေနဲ့အတူ အကတိုက်ခဲ့ပြီး ကျောင်းပွဲရဲ့စင်ပေါ်မှာ ချစ်စရာကောင်းအောင်ကပြနေတဲ့ Peach Lay ရဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။