ဖေဖေဖြစ်သူ မြင့်မြတ်ရဲ့ အိုင်တင်အတိုင်း လိုက်လုပ်ပြနေတဲ့ သားသားလေး မြတ်သူ

အနုပညာ

မြင့်မြတ်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်ပြီး ပရိသတ်အား‌ပေးမှုများစွာရရှိနေသူလည်းဖြစ်ပါတယ်။ မြင့်မြတ်ဟာသူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေကိုလည်း အမြဲလိုလိုပြန်ကြည့်တတ်ပြီး လေးစားမှုထားတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ သားဦးလေးဖြစ်တဲ့ ဂျူနီယာ မြင့်မြတ်ကိုပိုင်ဆိုင်ထားပြီး လက်ရှိမှာလည်းအနုပညာလှုပ်ရှားမှုတွေကိုဆက်တိုက်လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။

မြင့်မြတ်ဟာ ပရိသတ်တွေလေးစားအားကျတဲ့ မိသားစုဘဝကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သားလေးဖြစ်သူမြတ်သူဟာလည်း အဖေတူမေတူ သားချောလေးတစ်ယောက်ဖြစ်ပြီး ချစ်စရာ အရမ်းကောင်းလို့ ပရိသတ်တွေက ချစ်နေကြတာလည်းဖြစ်ပါတယ်။

အိုက်တင်လုပ်နေတာက မြင့်မြတ်အတိုင်းပဲနော်

ဒီတစ်ခါမှာတော့ မြတ်သူလေးဟာ အဖေဖြစ်သူမြင့်မြတ်ရဲ့ အိုက်တင်အတိုင်း ချစ်စရာကောင်းအောင်လိုက်လုပ်ပြနေတာပဲဖြစ်ပါတယ်။

မြင့်မြတ်နဲ့ မြတ်သူလေးတို့သားအဖရဲ့ ကြည်နူးဖို့ကောင်းတဲ့ပုံရိပ်လေးတွေပါ

ချစ်ကြလား

မြင့်မြတ်ဟာလည်းလက်ရှိမှာ အနုပညာ အလုပ်တွေဆက်တိုက်လုပ်ကိုင်နေရသူဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကိုအပြည့်အဝရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ ပရိသတ်တွေရော ဖေဖေနဲ့သားလေး ဘယ်သူ့ကိုချစ်လဲ။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက် ကျေးဇူးတင်ရှိပါတယ်။

Credit-မိုမိုလေး