တစ်နေကုန်လျှောက်လည်သမျှကို ရေပက်မဝင်ပြောပြနေကြတဲ့ ခေတ်နဲ့သစ်

အနုပညာ

နိုင်ငံကျော် အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေက အောင်မြင်တဲ့ အနုပညာလျှောက်လမ်းပေါ်မှာ ကိုယ်စီလျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ ချစ်သုဝေနဲ့ လင်းလင်းရဲ့ သမီးလေးနှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်ကလည်း အရမ်းကို ချစ်စရာကောင်းတာမို့ ပရိသတ်တွေက သည်းသည်းလှုပ် ချစ်ကြတာပဲ ဖြစ်ပါတယ်။


ချစ်သုဝေနဲ့ လင်းလင်းတို့ မိသားစုက လက်ရှိမှာတော့ နိုင်ငံခြား ခရီးစဉ်ကို အလည်အပတ် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ခေတ်နဲ့သစ်ကလည်း တိရစ္ဆာန်ရုံမှာ ပျော်ပျော်ပါးပါး လျှောက်လည်ရလို့ ပျော်နေတာကို တွေ့ရပါတယ်။


ခေတ်နဲ့သစ်က ဒီနေ့ လျှောက်လည်ခဲ့သမျှကို ရေပက်မဝင်အောင်ပြောပြခဲ့တဲ့ ဗီဒီယိုလေးကို မိုမိုလေး ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။

တစ်နေကုန်လျှောက်လည်သမျှကို ရေပက်မဝင်ပြောပြနေကြတဲ့ ခေတ်နဲ့သစ်

ခေတ်နဲ့သစ်ကတော့ အရင်ကထက်တောင် ပိုပြီး စကားတွေ တက်လာပြီနော်။ ကျောင်းတက်တာကြာတော့ သူငယ်ချင်းတွေကိုလည်း လွမ်းတတ်နေပြီ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခေတ်နဲ့သစ်ရဲ့ ဗီဒီယိုလေးကို သဘောကျရင် Like & Share လုပ်ဖို့ မမေ့ပါနဲ့နော်။

Credit-Momolay