ရာသီဥတုအပြောင်းအလဲ‌ကြောင့် ဖျားနေတဲ့ ဗီးလေးကိုစိတ်ပူနေတဲ့ မေမေအေသင်ချိုဆွေ

အနုပညာ

နိုင်ငံကျော်အဆိုတော်မလေး တစ်ယောက်ဖြစ်တဲ့ အေသင်ချိုဆွေဟာ ပရိသတ်အားပေးမှုများစွာရရှိထား သူတစ်ယောက်လည်းဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလေးဖြစ်တဲ့ ဗီးလေးကိုပိုင်ဆိုင်ထားပြီး ဗီးလေးဟာလည်း ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက်ဖြစ်ပါတယ်။ သမီးလေးဖြစ်သူ ဗီးလေးရဲ့ချစ်ဖို့ကောင်းတဲ့ အမူအရာတွေကြောင့် ပရိသတ်တွေကလည်း အချစ်ပိုနေတာလည်းဖြစ်ပါတယ်။


ရာသီဥတု အကူးအပြောင်းကြောင့် ဗီးလေးဟာ ဖျားနေတာဖြစ်ပြီး ၂ ရက်လောက်ကြာပြီးတဲ့ အခါမှာတော့ အနည်းငယ်သက်သာလာတာလည်းဖြစ်ပါတယ်။


ဗီးလေးဖျားနေတဲ့ ၂ ရက်မှာ အေသင်ချိုဆွေက အရမ်းစိတ်ပူပြီး ဘာမှမသွားနိုင် အလုပ်ကိစ္စတွေမစဉ်းစားနိုင်အောင်စိတ်ပူခဲ့ပြီး နောက်အခါတွေလည်း နေမကောင်းမဖြစ်အောင် အရင်ကထက်ပိုဂရုစိုက်ပါမယ်လို့ ပြောခဲ့ပါတယ်။


အေသင်ချိုဆွေဟာ အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီး တစ်ဖက်မှာလေး သမီးဖြစ်သူလေးကို အချိန်အမြဲပေးကာ မိခင်ကောင်းတစ်ယောက်ဖြစ်အောင်အကောင်းဆုံးကြိုးစားနေသူလည်းဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေလည်းရာသီအကူးအပြောင်းမှာ ဂရုစိုက်ကြပါအုံးနော်။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက်မိုမိုလေးမှ ကျေးဇူးတင်ရှိပါတယ်။