ခရစ်ယာန်ဘာသာ ကနေ ဖြိုးပြည့်စုံကြောင့် ဗုဒ္ဓဘာသာ ဖြစ်ခဲ့တဲ့ အကြောင်း ပြောလာတဲ့ Russell

အနုပညာ

မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ အဆိုတော် ဖြိုးပြည့်စုံကို မူးယစ်ဆေးဝါး သံသယရှိမှုနဲ့ဖမ်းဆီးစစ်ဆေးခဲ့တာကို အားလုံး သတိရကြဦးမှာပါ။ ဒီအတွက် ပရိသတ်များလည်းစိတ်မကောင်းဖြစ်ကြသလို ၊ ဖြိုးပြည့်စုံကိုချစ်မြတ်နိုးတဲ့ အနုပညာရှင် မောင်နှမအားလုံးကလည်း အထူးပဲ စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

ဒီအပေါ်မှာတော့ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် Russell တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ သူဟာဆိုရင် ဖြိုးပြည့်စုံနဲ့ ရင်းနှီးတဲ့ခင်မင်မှုရှိပြီးတော့ ဖြိုးပြည့်စုံဒီလိုလုပ်မှာ မဟုတ်ဘူးဆိုတာ အကြွင်းမဲ့ယုံကြည်သူလည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ သူဟာဆိုရင် ဖြိုးပြည့်စုံရဲ့ ပြန်လည်တည့်မတ်ပေးမှုနဲ့ ၁၂ နှစ်ကြာ ဘုရားမရှိခိုးခဲ့သူပါ။

နောက်တော့ ဖြိုးပြည့်စုံနဲ့ ပွဲနှစ်ပွဲလောက်မှာ ဆုံဖြစ်ခဲ့ကြပြီးတော့ ဖြိုးပြည့်စုံရဲ့ တရားစကားအပြောအဟောတွေကြောင့် အခုဆို ဗုဒ္ဓဘာသာအဖြစ် ပြန်လည်ခံယူရင်း ဘုရားရှိခိုးမှုကို ပုံမှန်ပြုလုပ်လာတယ်လို့ အသိပေးပြောပြလာတာကို ပရိသတ်ကြီးသိရှိစေဖို့ ပြန်လည်မျှဝေလိုက်ပါတယ်နော်။