ရုပ်ရှင်အစည်းအရုံး ဥက္ကဌ တာဝန် ကနေ အနားယူခဲ့တဲ့ ဦးဇင်ဝိုင်း မှာ စိတ်ဖိစီးမှုတွေများနေတယ်လို့ ဆိုလာသူ အကယ်ဒမီများရှင် ရန်အောင်

အနုပညာ

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ တာဝန် ကနေ ဒုတိယအကြိမ် အနားယူခဲ့တဲ့ ဦးဇင်ဝိုင်းမှာ စိတ်ဖိစီးမှုတွေအရမ်းများနေတယ်လို့ အကယ်ဒမီများရှင် ရန်အောင်က အကုန်သိသတင်းဌာနကိုပြောပါတယ်။

အကယ်ဒမီများရှင်ရန်အောင်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ရဲ့ ၁၇ ကြိမ်မြောက်ကျင်းပခဲ့တဲ့ ရုပ်ရှင်စုပေါင်းဘုံကထိန်ပွဲမှာ ဥက္ကဌ တာဝန်မှ ဒုတိယအကြိမ်မြောက်နှုတ်ထွက်အနားယူခဲ့တဲ့ ဦးဇင်ဝိုင်းအပေါ် အမြင်ကိုပြောပြခဲ့ပါတယ်။“ကျွန်တော်အစည်းအရုံးဥက္ကဌ လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး။ကျွန်တော် အစည်းအရုံး က ခိုင်းတာတွေ အကုန်လုပ်ပေးပါတယ်။အကယ်ဒမီရွှေကြိုတွေဆိုရင်လည်းလုပ်ပေးတယ်။ကူပေးတယ်။ ကျွန်တော်ဥက္ကဌဆိုတာကတော့ ကိုယ်ကသဘောကောင်းပြီး သနားတတ်တော့ဖြစ်မှာမဟုတ်ပါဘူး။ကျွန်တော်တစ်ယောက်တည်းနေတာပဲကြည့်လေ ကျွန်တော် စိတ်ရှုပ်တာ သိပ်မကြိုက်ဘူး။ဦးဇင်ဝိုင်းကိုကြည့်ရတာအရမ်းဖိအားများတယ်။

သူနဲ့ အရင်ကဖုန်းပြောတဲ့အခါမှာ နားထောင်ရတာသူစိတ်ထောင်းကိုယ်ကြေဖြစ်နေသလိုဖြစ်နေတယ်။သူ့ ကိုဝိုင်းပြောကြတာသူမခံစားနိုင်ဘူးထင်တယ်။သူနားမယ်ဆိုတော့ကျွန်တော်သတင်းကြားကြားချင်းဖုန်းဆက်တယ်။သူမကိုင်ဘူး။မဆင့်နဲ့တောင်တိုင်ပင်သေးတယ်။သွားမယ်ပေါ့။ဒါပေမယ့် သတင်းတွေထုတ်ပြန်ပြီးဖြစ်နေတယ်။သူ့ ကို မနားစေချင်ဘူး။အကယ်ဒမီနဲ့ပတ်သက်ပြီးသူအားလုံးအဆင်ပြေအောင်စည်းမျဉ်းစည်းကမ်းဆွဲခဲ့တယ်။သူတော်တော်မခံမရပ်နိုင်ဖြစ်လို့သာထွက်ခဲ့တာလို့ ထင်ပါတယ်။”လို့ အကယ်ဒမီများရှင် ရန်အောင် ကပြောပြခဲ့ပါတယ်။

ရုပ်ရှင်အစည်းအရုံးဥက္ကဌ တာဝန်ကို လုပ်ဖို့ အစီအစဉ်မရှိပေမယ့် အစည်းအရုံး ကခိုင်းတာတွေကို ကူညီပေးဖြစ်သလို ဦးဇင်ဝိုင်းကိုတော့ ဆက်လက်တာဝန်ထမ်းဆောင်စေချင်တယ်လို့ လည်းရန်အောင်က ဆက်လက်ပြောပြခဲ့ပါတယ်။ယခုလို ရုပ်ရှင် အစည်းအရုံး နဲ့ပတ်သက်ပြီး ပြောပြခဲ့တာက မည်သူ ကိုမှ ထိခိုက်စေလိုခြင်းမရှိသလို သူ့ ရဲ့ ထင်မြင်ချက်တွေကိုသာ ပြောပြခဲ့တာပါလို့ လည်းရန်အောင်က ပြောပါတယ်။

Credit-အကုန်သိ