နိုင်ငံကျော် မင်းသမီးချောလေးဖြစ်တဲ့ သက်မွန်မြင့်နဲ့ ဇာဏ်ခီ၊ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံက “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးပြီးတဲ့နောက်ပိုင်း မိတ်ရင်း၊ ဆွေရင်းတွေလို ခင်မင်လာခဲ့တာပဲ ဖြစ်ပါတယ်။ သက်မွန်မြင့်က ခီမောင်နှံရဲ့ အနုပညာတွေကို အားပေးဝန်းရံသလို ခီမောင်နှံကလည်း သက်မွန်မြင့်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို အပြန်အလှန် အားပေးကြတာကို တွေ့ရပါတယ်။
မနေ့က နိုဝင်ဘာလ (၁၃) ရက်နေ့မှာတော့ သက်မွန်မြင့်က ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံနဲ့ တွေ့ဆုံပြီး ညစာ အတူစားခဲ့ကြတာပဲ ဖြစ်ပါတယ်။ သက်မွန်မြင့်က ဇာဏ်ခီဆီက သူ့ရဲ့ အမှတ်တရ စာအုပ်နဲ့ လက်မှတ်လေးကို လက်ဆောင် ရရှိခဲ့ပါတယ်။
သက်မွန်မြင့်က “He heee J donut လေးစားကြပါဦးရှင် 😜 😜 ” ဆိုပြီး စနောက်ပြောထားတာကြောင့် သူမရဲ့ ပရိသတ်တွေက သဘောကျနေရတာပဲ ဖြစ်ပါတယ်။
သက်မွန်မြင့်က ဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးပုံဖော်တဲ့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဇာဏ်ခီနဲ့အတူတူ သရုပ်ဆောင်စဉ်ကလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အကြီးအကျယ် ရရှိပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။
သက်မွန်မြင့် ပြောတဲ့ J donut ကိစ္စကိုတော့ သိတဲ့သူတွေ သိကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Credit-မိုမိုလေး