ပိုင်​တံခွန်​​မွေး​နေ့ အတွက်​ ထိုင်းမှပရိသတ်​​တွေစုလှူ ကြတဲ့ မွန်မြတ်တဲ့ မွေးနေ့အလှူ

အနုပညာ

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ သရုပ်ဆောင်မော်ဒယ်လ် ပိုင်တံခွန် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ ပိုင်တံခွန်က မော်ဒယ်လ် အလုပ်အပြင် သူပါဝင်သရုပ်ဆောင် ထားတဲ့ ဇာတ်ကားတွေရှိတာကြောင့် သူ့ကို အားပေးချစ်ခင်တဲ့ အမာခံပရိသတ်တွေ ရရှိပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ပိုင်တံခွန် ရဲ့မွေးနေ့အတွက် ထိုင်းပရိသတ်တွေ လှူဒါန်းတဲ့ မွေးနေ့အလှူ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


ပိုင်တံခွန် က ခုနောက်ပိုင်းမှာ ပိုအောင်မြင်လာပြီး မြန်မာနိုင်ငံမှာသာမက ထိုင်နိုင်ငံမှာပါ ကြော်ငြာများ လက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အနေနဲ့လည်း ဇာတ်လမ်းတွဲများနဲ့ ရုပ်ရှင်ဇာတ်ကားများစွာလည်း ရိုက်ဖို့ရှိတယ်လို့ သိရပါတယ်။ ပိုင်တံခွန်းနဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် တို့သရုပ်ဆောင် ရိုက်ကူးထားတဲ့ ” သူဘယ်သူလဲ” ဇာတ်လမ်းတွဲ ကလည်း မကြာခင်မှာ ကြည့်ခွင့်ရတော့မှာပါ။


ထိုင်းနိုင်ငံမှာ အောင်မြင်မှုများစွာ ရရှိထားတဲ့ ပိုင်တံခွန် က သူ့ရဲ့ ထိုင်းပရိသတ်တွေ သဲသဲလှုပ် အားပေးခြင်းခံထားရတာပါ။ ခုတစ်ခါမှာလည်း ပိုင်တံခွန် ရဲ့ မွေးနေ့အတွက် ထိုင်းမှ သူ့ပရိသတ်တွေက စုပြီး မွေးနေ့အလှူလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။


ပိုင်တံခွန် က ခွေးလေးတွေ ချစ်တတ်တာကြောင့် သူ့ရဲ့ မွေးနေ့အလှူကိုပိုင်ရှင်မဲ့ ခွေးလေးတွေအတွက် သွားရောက်လှူဒါန်းခဲ့တာပါ။


သူ့ရဲ့ ထိုင်း Fan page လေးမှာလည်း ခုလို ရေးထာပါတယ်။ “မစ်ရှင်ပြီးဆုံးသွားပါပြီ။ ပျော်ရွှင်စရာမွေးနေ့လေးပါပဲ။ ဒီလိုအမှတ်တရကောင်းတွေဖန်တီးခဲ့ကြတဲ့ ကာစတန်မာတွေအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ အားလုံးလည်း ပျော်ရွှင်ကြမယ်လို့ မျှော်လင့်ပါတယ်။”


ပိုင်တံခွန်ကို မွေးနေ့အလှူထိ လုပ်ပေးတာ ကြည့်ခြင်း အားဖြင့် ပိုင်တံခွန်ကို ထိုင်းပရိသတ်တွေ ဘယ်လောက်ထိ ချစ်ခင်အားပေးကြလဲဆိုတာ ပေါ်လွင်နေပါတယ်။


ပိုင်တံခွန် ကို မွေးနေ့အလှူ လုပ်ပေးတဲ့ ထိုင်းပရိသတ်တွေ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Credit-Momolay