အဆိုတော်စိုင်းစိုင်းခမ်းလှိုင်တစ်ယောက်တော့ သူ့သီချင်းသံနဲ့သူ နားတွေငြီးလွန်းလို့ စိတ်ညစ်နေပါသတဲ့ ။ လက်ရှိအချိန်က အလှူပွဲရာသီဖြစ်တာကြောင့် နေရာတိုင်းလိုလိုမှာ အလှူခံမဏ္ဍပ်တွေက ဆောင်းဘောက်တွေ၊ လော်စပီကာတွေနဲ့ သီချင်းတွေဖွင့် အလှူခံကြနဲ့ ရှိနေတာပါ။
စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ဖေ့ဘုတ်မှာ ” လော်စပီကာသံခံရတဲ့အထဲမှာ ကိုယ့်ရဲ့ အသံနဲ့ကိုယ် ပြန်ခံရတာက အဆိုးဆုံးပဲ” လို့ ပြောလိုက်တာပါ။ လော်စပီကာသံအတွက် ရပ်ကွက်တကာမှာ လူတိုင်းလိုလို ဒဏ်ခံရ စိတ်ညစ်နေကြရတာဖြစ်ပေမယ့် အလှူခံ၊ အလှူမဏ္ဍပ် အလှူကိစ္စအတွက် ဖြစ်နေတာမို့ ဘယ်သူကမှတော့ တားမြစ်တာမျိုး မရှိကြပါဘူး။
အလှူခံမဏ္ဍပ်တွေမှာ မနော၊ ဗီဗာဟိန်း နဲ့ စိုင်းစိုင်းအပြင် တစ်ခြားအဆိုတော်တွေရဲ့ သီချင်းတွေ၊ အလှူသီချင်းတွေ၊ တရားတွေကို ဖွင့်လှစ်လေ့ရှိကြပါတယ်။
စိုင်းစိုင်းရဲ့ ပရိသတ်တွေကတော့ ဒါဆိုရင် သူတို့တွေက လော်စပီကာ နှိပ်စက်ခံရတဲ့ထဲမှာ သူများအသံနဲ့ နှိပ်စက်ခံရတာမို့ တော်သေးတာပေါ့လို့ ပြန်စထားတာကိုလည်း တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို ဖွင့်ခံရတာကိုပဲ ဂုဏ်ယူလိုက်ပါတော့ စိုင်းစိုင်းရေလို့ ပြောရမလိုပါပဲ။
Credit-Cele Star