စူပါမန်းဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ ရိုက်ကွင်းနောက်ကွယ်က ထိပ်ထားလေးရဲ့ ပုံရိပ်လေးများ

အနုပညာ

Tiktok လေးတွေဆော့ရင်း ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ခဲ့တဲ့ ထိပ်ထားလေးက ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ခဲ့သူတစ်ဦးပါ။ လက်ရှိမှာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်နေပြီဖြစ်တဲ့ ထိပ်ထားလေးရဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ရမယ့်အပြင် တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာတဲ့ ဝဝကစ်ကစ် ထိပ်ထားလေးကို ပရိသတ်တွေ အချစ်ပိုနေကြမှာပါ။

အခုလည်း နာမည်ကြီးရုပ်ရှင်မင်းသမီးနှစ်ယောက်ဖြစ်တဲ့ ချစ်သက်နဲ့ ဖွေးစိန်လေးတို့ နှစ်ယောက်ပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ Love Equation ရုပ်ရှင်ဇာတ်ကြီးရဲ့ ရိုက်ကူးမှုတွေကတော့ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ ထိုဇာတ်ကားလေးထဲမှာ ပရိသတ်ကြီးရဲ့ ထိပ်ထားလေးကို မိုးသံစဉ်ဆိုတဲ့ ကလေးမလေး အသွင်နဲ့ မြင်တွေ့ရမှာဖြစ်ပြီး ထိပ်ထားလေးရဲ့ သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရတော့မှာပါ။

ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှု့အပြီးမှာ စူပါမန်းဝတ်စုံလေးနဲ့ ရိုက်ကူးခဲ့စဉ် ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးတွေကို ထိပ်ထားလေးရဲ့ ပရိသတ်တွေအတွက် တင်ပေးထားတာပါ။ အရွယ်ကြီးလာပြီဖြစ်တဲ့ ထိပ်ထားလေးက အသက်ငယ်ငယ်လေးနဲ့ အနုပညာပါရမီရှိသူလေးတစ်ယောက်ဖြစ်ပြီး ထိပ်ထားလေးရဲ့ သရုပ်ဆောင်ချက်တွေကိုတော့ ရုံတင်တဲ့အခါ ပရိသတ်ကြီး သွားပြီး အားပေးလိုက်ကြပါအုံးနော်။

Source:ထိပ်ထားလေး