ချစ်ရတဲ့ ဇနီးချောချောလေးနဲ့ လိုက်ဖက်ညီစွာ ပွဲတက်ခဲ့တဲ့ Ah Boy ရဲ့ပုံရိပ်တွေ

အနုပညာ

အရမ်းကို လိုက်ဖက်ညီလွန်းတဲ့ အဆိုတော် Ah Boy နဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ ဇနီးမောင်နှံကတော့ အရုပ်လေးလို ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ မကြာခဏဆိုသလို သူတို့ဇနီးမောင်နှံရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှလေ့ရှိတဲ့ Ah Boy ကတော့ လတ်တလောမှာ ချစ်ရတဲ့ ဇနီးချောလေးရဲ့လက်ကိုတွဲပြီး လိုက်ဖက်ညီစွာ ပွဲတက်ခဲ့တဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရမ်းကို ဖက်ရှင်ကျလွန်းတဲ့ Ah Boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံရဲ့ပုံတွေကတော့ အရမ်းကို ကြည့်လို့မိုက်နေတာပါနော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကိုလိုက်ဖက်ညီလွန်းတဲ့ Ah Boy နဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံနှစ်ဦးရဲ့ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Ah Boy ကတော့ “မနေ့က Sule Shangrila မှာကျင်းပပြုလုပ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ LifeBuoy ရဲ့ Product သစ်မိတ်ဆက်ပွဲလေးကို မြတ်နဲ့အတူတက်​ရောက်ဖြစ်ခဲ့ပါတယ်။ ဒီ Green Tea နဲ့ Aloe Vera ပေါင်းပြီးထုတ်ထားတဲ့ Anti-Bacterial Body Wash ကတော့ ကိုယ်ရဲ့ Daily Essential ပစ္စည်းတစ်ခုဖြစ်သွားတာတော့ အသေချာပဲ။ ” ဆိုပြီး အရမ်းကို ကြည့်လို့ကောင်းတဲ့ သူတို့ ဇနီးမောင်နှံရဲ့ ပွဲတက်ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

တစ်ဦးကို တစ်ဦး အရမ်းကို ချစ်ကြတဲ့ Ah Boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ဦးကတော့ နားလည်မှုအပြည့်နဲ့ ရှေ့ဆက်နေကြတာ အခုဆိုရင် အိမ်ထောင်သက်တမ်း နှစ်နှစ်နီးပါးရှိပြီပဲ ဖြစ်ပါတယ်။


Ah Boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံရဲ့သမီးလေး စကားလက်ဖြိုးထွန်းကလည်း အရုပ်လေးလို ချစ်ဖို့ကောင်းလွန်းလို့ ပရိသတ်တွေက အချစ်ပိုနေကြတာပါ။ မိုမိုလေး