ချိုပြုံးရဲ့ ‘တက္ကသိုလ်ကျောင်းကငွေလမင်း’ သီချင်းကို ရဲရဲဝင့်ဝင့်သီဆိုပြီး လူတွေကိုအံ့အားသင့်စေခဲ့တဲ့ အသက်အငယ်ဆုံးပြိုင်ပွဲဝင် အေးမြဖြူ

အနုပညာ

ပရိသတ်ရဲ့ တစ်ခဲနက်အားပေးမှုကိုရရှိနေတဲ့ နာမည်ကြီးအစီအစဉ်တစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါရဲ့ သုံးပတ်မြောက်ယှဉ်ပြိုင်မှုဖြစ်တဲ့ “တက္ကသိုလ်အမှတ်တရ” ပြိုင်ပွဲကတော့ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။ သီဆိုယှဉ်ပြိုင်မှုအပြီးမှာ ပြိုင်ပွဲဝင်အသီးသီးက ရွေးချယ်ရခက်လောက်အောင် အကောင်းဆုံးသီဆိုနိုင်ခဲ့တာကိုတွေ့ရမှာပါ။ အဲ့ဒီထဲကမှ အေးမြဖြူကတော့ သူရွေးချယ်သီဆိုခဲ့တဲ့သီချင်းကြောင့် ပရိသတ်တွေကို ပိုအံ့အားသင့်စေခဲ့တယ်ဆိုရမှာပါ။

အေးမြဖြူဟာ အသက်(၁၆)သာရှိသေးပြီး အသက်အငယ်ဆုံးပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပေမယ့် အန်တီချိုပြုံးရဲ့ နာမည်ကျော်လူကြိုက်များခဲ့တဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ “တက္ကသိုလ်ကျောင်းက ငွေလမင်း” သီချင်းကို သီဆိုခဲ့တာဖြစ်ပါတယ်။ဒီသီချင်းဟာဆိုရင် တစ်ခေတ်တစ်ခါက လူငယ်တွေပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး အေးမြဖြူရဲ့သီဆိုမှုနဲ့အတူ ပြန်လည်အမှတ်ရစေခဲ့တယ်ဆိုရမှာပါ။ မြန်မာသံစဉ်သီချင်းတစ်ပုဒ်ဖြစ်တာနဲ့အညီ အဆွဲအငင် အဖြတ်အတောက်တွေနဲ့ ခက်ခဲလှတဲ့သီချင်းတစ်ပုဒ်ကို ရွေးချယ်သီဆိုခဲ့တာကြောင့် ပရိသတ်တွေကို အံ့အားသင့်စေခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။

အေးမြဖြူဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ကာစ လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် တက္ကသိုလ်ရဲ့အငွေ့အသက်ကို မခံစားရသေးပေမယ့်လည်း ဒီ “တက္ကသိုလ် အမှတ်တရ” သီဆိုမှုအပတ်မှာ အကောင်းဆုံးလိုက်ပါစီးမျောခံစားပြီး သီဆိုခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ အသက်အရွယ်နဲ့မလိုက်အောင် တော်လွန်းတဲ့အေးမြဖြူကတော့ ဒီတစ်ဆင့်ကိုလည်း အေးအေးဆေးဆေးဖြတ်ကျော်သွားနိုင်မယ်လို့ထင်ပါတယ်။ ပရိသတ်ကြီးထဲမှာရော အေးမြဖြူကိုအားပေးတဲ့သူတွေရှိလား ဖြေပေးခဲ့ပါဦးနော်။